2021 October , London.
" လီယမ် က သိပ်ချစ်ဖို့ကောင်းတာပဲဗျာ"
"လီယမ် ကျွန်တော် ဒီမုန့်စားချင်တယ်"
" လီယမ် ကျွန်တော်အေးနေပြီ ဖက်ထားပါဦးလား"
" လီယမ်ရေ အာဘွားပေး"
" လီယမ် ကျွန်တော့်ကို ချစ်ကောချစ်ရဲ့လား"
အသားဖြူဖြူ လုံးလုံးထိုကောင်လေးသည်
လီယမ့်၏ အိမ်မက်များဆီသို့ ခိုးဝင်ခဲ့သည်မှာ
7 နှစ်နီးပါးရှိခဲ့ပြီ။ ထိုအိမ်မက်များသည် စစ်မှန်သည်ဟုခံစားရသည်။ လီယမ် ထိုကဲ့သို့အိမ်မက်များကို အသက် ၁၈ နှစ်အရွယ်တွင်စတင်မက်ခဲ့သည်။ စစဖြစ်ခြင်းတွင်တော့
သတိမထားမိသော်လည်း တစ်ပတ်ခြားကနေ နေ့စဉ်ရက်ဆက်ဖြစ်လာတဲ့အခါ စိုးရိမ်လာတာကြောင့် စိတ်ဆရာဝန်နှင့်ပါပြသော်လည်းအဖြေမရှိခဲ့ ။ စိတ်စွဲလို့မက်သည်ဟုပြောရအောင်လည်း လီယမ်အသိထဲတွင် အာရှသားမရှိ။ အာရှဇာတ်ကားတွေလည်းလီယမ် မကြည့်မိ။ ဆရာဝန်များလုပ်နိုင်သည်ဆိုလို့
လီယမ့်အား စိတ်မထွေဖျားစေရန် အိပ်ရေးမပျက်စေရန်၌သာကူညီနိုင်ခဲ့သည်။လီယမ့် အသက်၁၆ နှစ်အရွယ်မှစ၍ သူ၏ နှလုံးသားမှ တစ်စုံတစ်ယောက်အား ရှာဖွေနေသည်ကိုခံစားမိသည်။ လီယမ် ယောင်္ကျားလေးရော မိန်းကလေးနဲ့ပါ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဖူးသော်လည်း တာဝန်ရှိသလိုခံစားချက်၊ စိတ်မပါနိုင်ပဲ အမြဲတစ်စုံတစ်ယောက်သော သူကိုသာ တောင်းတမိနေတဲ့ခံစားချက်များကြောင့်
dating မလုပ်ခဲ့သည်မှာလည်း collage စတက်ကတည်းက ခုချိန်ထိ တစ်ယောက်တည်းသာ။အိမ်မက်အများစုတွင်
လီယမ်သည် ထိုကောင်လေးနှင့်မြက်ခင်းပြင်ပေါ်တွင်ရှိနေသည်။ အိမ်မက်ထဲတွင်သာ သူ၏ နှလုံးသားသည်ပြည့်စုံသကဲ့သို့ခံစားရသည်။ ဤအိမ်မက်ကောင်လေး သည်
သူရှာနေမိခဲ့သော သူသာဖြစ်သည်လေ။လီယမ် သူ၏ပုံအား ပန်းချီဆရာများအားဆွဲခိုင်း၍ နေရာအနှံ့လိုက်လဲရှာဖွေသော်ညား အချည်းနှီးသာ ။ ရုပ်သာ မြင်ဖူးသော လူတစ်ယောက်ကိုရှာဖို့ဆိုသည်မှာ သန်းကြွယ်သူဌေးတစ်ယောက်အတွက်ပင်လျှင် ခက်ခဲလှပါသည်။
ထို့ကြောင့် လီယမ် လူမှုရေးကိစ္စများကို ကိုဂရုမပြုမိစေရန် အလုပ်တွင်သာ စိတ်လွှဲလုပ်ကိုင်ခဲ့သည့်အတွက် ငယ်ရွယ်ပြီးအောင်မြင်သည့် စီးပွားရေးသမားတစ်ယောက်ဖြစ်နေခဲ့ပြီလေ။
YOU ARE READING
This is what we call "LOVE". (Completed )
Romance၂၁ရာစုသားလေး ၁၉၃၀ ခုနှစ်သို့ အကြောင်းကြောင်း ကြောင့် ရောက်သွားပြီး အဂ်လိပ်မြို့တော်ဝန်၏ တစ်ဦးတည်းသော သားနှင့် ဆုံမက္မိသွားသည့်အခါဝယ်.... ။ အချစ်အားနူးညံ့စွာ ရေးဖွဲ့သီကုံး ထားပါသည်။ Total episodes - 60 Zawgyi code ၂၁ရာစုသားလေး ၁၉၃၀ ခုနှစျသို့ အကွောင...