Epi <13> - Special Day

2.9K 173 1
                                    

[Unicode]

Wedding Day ... 🥂✨

ကြီးမားလွန်းတဲ့ အဖြူရောင် Church ကျောင်းကြီး ။
ကိုရီးယားနိုင်ငံရဲ့ အထင်ကရနေရာ တစ်ခုပေါ့ ။
သို့ပေမယ့် အထဲမှာတော့လူကတစ်ယောက်စနှစ်ယောက်
စဖြင့်သာ ။ ကောဇောနီကြီးနဲ့အတူ အပြင်အဆင်တို့က
တင့်တယ်လွန်းလှသည် ။ အဖြူကောင် ပိုးဖဲသားတို့နဲ့
အပြင်အဆင်တွေရယ် ရောင်စုံပန်းအစစ်တို့ရဲ့ ရနံ့က
‌သင်းပျံ့လို့နေသည် ။ အနက်ရောင် စန္ဒယားကြီးကို
တီးခတ်နေတဲ့ ယွန်းဂီဟျောင်း ကိုဂျီမင်နီက ငေးကြည့်နေ၏ ။

အခန်းငယ်တစ်ခုထဲက သတို့သားလျောင်းလျာလေး ။
ကြွေရုပ်ငယ်လိုမျက်နှာက ပျော့ပျောင်းနူးညံ့ပြီး
မိတ်ကပ်ဆိုတာမလိုသည်အထိ ။ ခေါင်းအစ ‌ခြေအဆုံး
သူ့မောင်ပြင်ပေးထားတဲ့ အဖြူရောင်အနောက်တိုင်း
ဝတ်စုံရယ် အခြားသောတောက်တောက်ပြောင်ပြောင်
အရာတို့က ပနံ့သင့်လွန်းလှသည် ။

လက်ချောင်းတို့ကို အကြောင်းမရှိကာပွတ်သပ်နေပြီး
ခဏခဏအသက်ပြင်းပြင်းရှူနေတဲ့သူ့ကို ဘေးကအမတို့က
တိတ်တခိုးရယ်တော့ ရှက်ရပြန်သေး ။ ဒီအခိုက်အတန့်
မောင်နဲ့လက်ထပ်ရတော့မယ်တဲ့ ။ ရူးသွားတော့မလိုပဲ
ဒီကမ္ဘာပေါ် ရင်အခုန်ဆုံးသူငါများဖြစ်နေမလား ။

အလှပဆုံးအချိန် တစ်ဘဝမှာတစ်ခါတည်းရတဲ့ အရေးကြီး
အချိန်အခါပေါ့ ။ ချစ်ရသူနဲ့ပေါင်းဖတ်ရတော့မယ်
ဆိုတဲ့အသိကပျော်ရသလို ဘေးကပြုံးပြုံးကြီးကြည့်နေတဲ့
အိုမားရယ် အမျိုးအမည်မသိသောခံစားချက်‌တို့ရယ်
ရောထွေးနေတော့ သူ့ဟီးခနဲငိုရှိုက်မိ၏ ။

" ဟယ် သတို့သားလေးကဘာလို့ငိုနေတာလဲ တိတ် တိတ် "

" ကျွန်တော်လည်း မသိဘူး ငိုချင်လာလို့ ဟင့် "

" အများစုဒီလိုဖြစ်တတ်ကြပါတယ် ခဏနေစတော့မှာ
သူဌေးကစောင့်နေတယ်ရယ် "

" အေးလေးကွယ် အိုမားသားကကလေးလို လုပ်နေပြန်ပြီ "

အိုမားကဖတ်ပေးတော့ သူကပြန်ဖတ်ကာငိုရပြန်သည် ။
မသိဘူး ဒီခံစားချက် စကားတစ်ခွန်းပြောဖို့ရောင်
မနည်းအားယူနေရတယ် ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Tempat cerita menjadi hidup. Temukan sekarang