Epi <30> - Balloon Taehyung

2.6K 126 1
                                    

[Unicode]

တစ်နေ့တခြားဆူဖောင်းလာတဲ့ ဗိုက်ကလေးဟာ
စိတ်လည်းတအားကောက်တတ်လာသလို ချွဲတာလလည်း
လွန်ပါလေရော ။ သုံးလကျော်ကျော်ဗိုက်ဖောင်းဖောင်းက
သာမန်ထက်ပိုနေလို့ ကိုယ်လက်မအီမသာပိုဖြစ်နေရတယ် ။

" ယား ... မရသေးဘူးလား "

" ခဏလေးပါကွ ငါလည်းမင်းနဲ့နေရင်
ဝိတ်ပြန်ကျမယ့်လမ်းမမြင်ဘူး "

ဆူပုတ်ပုတ်ဂျီမင်းက ထမင်းသုပ်နှစ်ပွဲကို ခုံပေါ်တင်ပေးရင်းပြောသည် ။

" အမယ် မင်းကဝိတ်ချရအောင် ဘယ်နားကဝနေလို့လဲ
ဖင်ပဲကြီးနေတာကို "

" ဟေ့ကောင် မင်းဘယ်လိုစကားတွေပြောနေတာလဲ
ငါဝိတ်တတ်လာလို့ ပြန်ချနေတာတစ်လရှိပြီ "

" သောက်ပိုတွေ ... "

" မပိုပါဘူး ငါတကယ်ဝိတ်တတ်ရတဲ့ကြားထဲ
မင်းစားချင်တာလုပ်ပေးရင်း ငါလည်းစားရလွန်းလို့
လူတောင်တစ်နေ့တစ်နေ့ အစ်လာတယ် "

ဟုတ်လည်းဟုတ်တယ် သူစားချင်တာလုပ်ပေးပြီး
ပျင်းရင်လည်းဘယ်သူမှဘေးမှာမရှိဘူးဆိုလို့ ဂျီမင်း ကိုခေါ်ထားတာ ။ ဟိုကသူ့လူကြီးဂျူတီအပြီး လာခေါ်မှ
ပြန်ကြသည် ။ တစ်ခုခုလုပ်စားရင် ကြည့်ရင်းမထိန်းနိုင်ပဲ
စားချင်နေတဲ့ ဂျီမင်း နဲ့သူကမစားဘူးဆိုရင်တောင် 'ဂျီမင်းနီပါ မစားရင်ငါလည်းမစားချင်တော့ဘူး တူတူစားပါ နော် နော်' ဆိုတဲ့ကောင်လေး ။

" အစ်အစ်ပေါ့ မင်းကဖောင်းဖောင်းလေးမှလှတာ "

" ပြောနေလိုက် ... မင်းတအားချွဲတတ်လာသလိုပဲ
ငါ့တော့မသိဘူး ဂျွန်ဂျောင်ဂုဆိုမင်းချွဲတာခံရလွန်းလို့
အီတက်နေမှာပဲ "

" မဟုတ်ပါဘူး ငါကချွဲတာတောင်ချစ်စရာကောင်းတယ်လေ
အဲ့တော့ မောင်ကငါ့ကိုပိုပိုချစ်တာပေါ့ ခိခိ "

" အေးပါ အေးပါ ငါလည်းမင်းတို့နှစ်ယောက်ကိုမနိုင်ဘူး
ငါ့လူကြီး-- "

" မင်းလူကြီးကို ဘယ်တော့အဖြေပြန်ပေးမှာလဲ "

" ဟ ငါပေးချင်တဲ့နေ့ ပေးမှာပေါ့ "

" မင်း အဲ့လိုကြပ်ကြပ်လုပ် ဟိုကပါသွားလိမ့်မယ်ဟွန့် "

" ငါက ငါ့လူကြီးငါယုံတယ် "

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Wo Geschichten leben. Entdecke jetzt