[Unicode]
ဆိုးလ် မြို့တစ်နေရာရဲ့ အဝေးယဉ်ကားကွင်းတစ်ခု ။" သားငယ် အိုမားသွားပြီနော် ဂျောင်ဂု
အပေါ်မဆိုးနဲ့လိမ်လိမ်မာမာနေခဲ့ဆေးတွေလည်း
နေ့တိုင်းသောက် ဒီနေ့အတွက်မနက်စာပြင်ထားပေးခဲ့တယ်
နောက်ရက်တွေကျရင်ဆိုင်ကောင်းကောင်းတစ်ခုမှာဝယ်စား
အပင်ပန်းမခံနဲ့နော် သားငယ်လေး ညမလေးက
အခြေအနေမကောင်းတော့ အမေကစိတ်ပူလို့
သာလိုက်သွားရတာ ''" အာ ... သားက ကလေးမှမဟုတ်တော့တာ အဲ့လောက်တော့သိပါတယ် အိုမား ကလည်း
သားကိုစိတ်ချပြီးတော့သာသွားပါ ဂျောင်ဂု
လည်းရှိနေတာပဲ ''ကြည့်ရတာမနေ့ကတစ်နေ့တည်းနဲ့တင် ဂျောင်ဂု ထယ်ယောင်း တို့အိမ်မှာမပြန်ပဲအချိန်အကြာကြီးနေလိုက်ရာ
ကအတော်ခင်သွားပြီး အဆင်ပြေပုံရသည် ။
စိတ်ချရတာပေါ့ ။" သွားပြီနော်သားငယ် ''
" ကောင်းကောင်းသွားပါ အိုမား
ဟိုရောက်ရင်အဘွားနဲ့အတူတူဖုန်းဆက်လိုက်ပါဦး
အန်တီ့ကိုလည်းဂရုစိုက်လိုက်ပါ ''ထယ်ယောင်း နဲ့နှုတ်ဆတ်ပြီးအမေကကားပေါ်တတ်သွားကာ
မှန်ထဲကနေပြုံးပြီးတာ့တာပြနေတဲ့ အိုမား ကိုကြည့်ရင်း
လွမ်းသယောင်ယောင်တော့ရှိမိသား ။ အမြဲကလေးလေးလို သားငယ်လေးသားငယ်လေး လို့ခေါ်ပြီး ဂရုတစိုက်ရှာကျွေးပြုစုပြိုးထောင်လာတဲ့ အမေနဲ့
ပထမဆုံးသောခွဲခွာခြင်း ။ ဒီကြားထဲ ဒယ်ဂူအမျိုးတွေနဲ့
သိပ်တောင် အဆက်အသွယ်မရှိခဲ့ပါ ။အရင်တုန်းကမွေးရပ်မြေပြန်ရင် ကျောင်းပိတ်ရက်တွေမှာ
သားအမိနှစ်ယောက်တူတူပြန်ကြပေမဲ့ အခုကကျန်းမာရေး
မကောင်းသောအန်တီကြောင့် အိုမားကစိတ်ပူကာလိုက်သွား
လေသည် ။ထယ်ယောင်း လည်းအမေ့ကိုလိုက်ပို့ပြီး Bus နှင့်သာ
အိမ်ကိုပြန်လာခဲ့လိုက်သည် ။ အိမ်မှာ ဂျောင်ဂု ကသူနဲ့မနက်စာအတူတူလာစားမယ်ပြောထားတယ်လေ ။
ကိုယ့်ရုပ်လေးဘယ်လိုဖြစ်နေမလဲသိချင်နေသေးတာကြောင့်
ကားမှန်လေးမှာကြည့်လိုက်တော့ မဆိုးပါဘူး ။
_________________________________ကောင်လေး ကယောက္ခမကြီးကိုလိုက်ပို့နေတာမို့ အိမ်ကရှိတာ
လေးတွေဆွဲပြီး လင်ပိစိလေးအိမ်မှာမနက်စာစားဖို့ ချီတက်ရ
သည် ။ ထယ်ယောင်း ကလည်းအိမ်ကိုပြန်ရောက်တော့
အရှေ့မှာ ဘူးပေါင်းမြောက်မြားစွာနဲ့ ဂျောင်ဂု ကိုတွေ့
လေ၏ ။ မျက်လုံးလေးဝိုင်းကာ သော့ကိုကပျာကယာဖွင့်ရင်း

ВЫ ЧИТАЕТЕ
♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓
Фанфик" မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 🍓 " မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚖𝚘𝚛𝚎 𝚝𝚑𝚊𝚗 𝚢𝚎𝚜𝚝𝚎𝚝𝚍𝚊𝚢 𝚋𝚞𝚝 𝚕𝚎𝚜𝚜 𝚝𝚑𝚊𝚗 𝚝𝚘𝚖𝚘𝚛𝚛𝚘𝚠 ☘︎ Warning - Male Pregnant / Married li...