Epi <20> - This is my husband

2.6K 159 0
                                    

[Unicode]

ထယ်ယောင်းအကြောင်းကိုမောင်ဒီနေ့ပြောပြဖို့
လုပ်ထားခဲ့သည် ။ ကိုယ်တိုင်အရင်ပြောပါရစေဆိုတာ
တောင်းဆိုထားတာကြောင့် ဒီနေ့မနက် Company ကို
လာရတာ တုန်တုန်ယင်ယင် ။ ပြောမယ် ပြောမယ် နဲ့
ရှက်လွန်းလို့ ရင်ခုန်လွန်းလို့ မနက်ကနေ Lunch time
အထိ တစ်ချက်မှမဟမိခဲ့ ။

Lunch time လည်းဘာထူးလဲ ။ ထယ်ယောင်း
မနက်စာလည်းမစားခဲ့ရ တစ်မနက်ခင်းလုံးအော့အန်
နေခဲ့တာ ။ နေ့လည်ဘက်အဖွဲ့နဲ့တူတူ ကန်တန်းကိုသာ
ပါသွားလေရဲ့ ။ တစ်ချိန်လုံးဘာမှမစားနိုင်ခဲ့သလောက်
ကန်တင်းကကျီကဲဟင်းရည်ကိုတော့ ကောင်းကောင်းသောက်
နေမိသည် ။

နာဘီတို့နဲ့အတူ အဖွဲ့မှူးကပါအကုန်လုံး တစ်ဝိုင်းတည်းမှာ
စကားတပြောပြောနဲ့ အေးဆေးစားနေကြသည် ။
ကန်တင်းတစ်ခုလုံးဆူညံနေပြီး ဘေးကမောင်လေးထယ်
ယောင်းကတော့ ကျီကဲကိုအားပါးတရသောက်နေသည် ။
ကျန်တာလေးစားပါဆိုတော့ မစားဘူးတဲ့လေ ။

ဝန်ထမ်းအားလုံး ပန်းကန်သံတွေ စကားသံတွေအပြင်
အကုန်လုံးရုတ်တရတ်ဆိတ်ငြိမ်သွားခဲ့သည် ။ အကြောင်းမှာ
ဖုန်းတစ်လုံးကိုသာကိုင်ပြီးအင်္ကျီကိုတံတောင်အထိခေါက်ထားတဲ့ ခန့်ခန့်ညားညားCEO ဂျွန်ဂျောင်ဂုကြောင့်ပင် ။ အပ်ကျသံလောက်တိတ်ဆိတ်နေသော်ငြား ထယ်ယောင်းကကျီကဲကိုကုန်းသောက်နေတုန်း ။ သူရဲ့ဟင်းရည်သောက်သံ တရွှတ်ရွှတ်က ကျယ်လောင်စွာ ။ ဂျောင်ဂုလာနေတာကို ကျောပေးထားတဲ့ထယ်ယောင်း မသိ ။ သူ့အာရုံတွေက ချဉ်ချမအဉ်စပ်စပ်ကျီကဲဟင်းရည်ဆီမှာ ။

ဝန်ထမ်းတွေအားလုံးဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန်
လက်ကာပြတဲ့ဂျောင်ဂုကြောင့် အကုန်ငြိမ်နေကြသည် ။
တရွှတ်ရွှတ်ဟင်းရည်သောက်နေတဲ့ ထယ်ယောင်းကို
နာဘီက မသင့်တော်လို့ပြောဖို့ပြင်ပေမယ့် ဂျောင်ဂုရဲ့
အကြည့်စူးစူးကြောင့် လက်တို့ကရပ်တန့်သွားခဲ့သည် ။

သူတို့ဝိုင်းကိုတဖြည်းဖြည်းလျောက်လာခဲ့တဲ့ဂျောင်ဂုကြောင့်
ထယ်ယောင်းတို့ဌာနကလူတွေ အသက်တောင်ဝအောင်မရှူရဲ ။ ဆူမယ်ဆိုပြီးစိတ်ကူးနဲ့အထင်ကွဲလွဲစွာ
ဟင်းရည်သောက်နေတဲ့ထယ်ယောင်းရဲ့ မျက်လုံးနှစ်ဖတ်ကို
ဂျောင်ဂုကသွားအုပ်သည် ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Donde viven las historias. Descúbrelo ahora