Epi <6> - Love Is

4K 252 2
                                    

ဂျောင်ဂု ယွန်းဂီဟျောင်းနဲ့ နှုတ်ဆက်ပြီးတစ်ဖတ်လှည့်ကာ
ကောင်လေး နဲ့စကားပြောနေကြတဲ့ ဂျီမင်းဟျောင်း ကို
နှုတ်ဆက်ရပြန်သည် ။

" အာညော် ထယ်ယောင်းဟျောင်း
ရဲ့အမျိုးတော်စပ်လာမယ့်သူ ဂျောင်ဂာ ပါ ပထမဆုံး
တွေဆုံခြင်းပါဟျောင်း ''

ဂျီမင်း လည်းသူ့ရဲ့နှုတ်ဆက်ပုံကို သတိထားမိပေမဲ့
အလိုက်သင့်လေးပြန်နှုတ်ဆက်လိုက်သည် ။ ဘာတဲ့ ထယ်ယောင်း ရဲ့အမျိုးတော်စပ်လာမယ့်သူတဲ့ ။ ထယ်ယောင်းကတော့ သူတို့ကိုအာရုံမရှိတာမို့ သတိထားမိပုံမပေါ် ။

" အာညော် ဂျောင်ကု ဟျောင်း က ထယ်ယောင်း
ရဲ့သူငယ်ချင်းပါ တွေ့ရတာဝမ်းသာပါတယ် ''

ရွှင် ... !!

တံခါးအပေါ်ကတပ်ထားတဲ့ Bell လေးက လူဝင်ရင်
တံခါးဖွင့်လိုက်တာနဲ့မြည်တာမလို့ အကြည့်တွေအားလုံး
တံခါးပေါက်ကို ရောက်သွားခဲ့သည် ။ ကြည့်ရတာ Customr တစ်ယောက်ဖြစ်မည်ထင် ။ ဂျီမင်နီ
လည်းအလုပ်ထဲစိတ်ပြန်နှစ်လိုက်တော့သည် ။

" ဂျောင်ဂု ထယ်ယောင်း သွားတော့မယ်နော် ''

" အော ဂျီမင် သွားလေ ခဏနေကျ ငါလာကူမယ် ''

ဂျီမင် ထွက်သွားတော့မှ ထယ်ယောင်း ထိုင်ခုံကပေါ်က
အသာလေးကြွပြီး ဂျောင်ဂု မျက်နှာနားကိုအတင်း
တိုးလာခဲ့သည် ။ ဂျောင်ဂု ကတော့ရင်ဘတ်ထဲမှာ
ငလျင်အကြီးစားကြီးလှုတ်ခတ်လို့နေပြီ ။အခုအခြေအနေက သူတို့နှစ်ယောက်ကြားမှာ 1 လက်မလောက်ပဲကွာပြီး
မျက်နှာနဲ့နီးနီးလေးမှာလေ ။

" ဆိုင်လေးကကောင်းတယ်မလား ဂျောင်ဂု ဟီးဟီး ''

Boxy Smile လေးနဲ့သွားဖြူဖြူလေးတွေပေါ်အောင်
ပြုံးပြရင်း မေးလာတဲ့ ထယ်ယောင်း ကြောင့် ဂျောင်ဂု
ရင်ထဲမှာဖိုးသိုးဖတ်သတ် ။

" အင်း ကောင်း ကောင်းတာပေါ့ ဟျောင်း ရဲ့ ''

" ဟုတ်တယ်လေ ဂျီမင်နီ ကိုဒီလို Decoration
လေးလုပ်ဖို့ ဟျောင်းဒီဇိုင်းဆွဲပေးထားတာ ဂျောင်ဂုဂီ
ကကောင်းတယ်ပြောတော့ အားရှိသွားပြီး ဟီးဟီး ''

ကောင်လေး ပြုံးနေပြန်ပြီ ။ နေပါဦး ကောင်လေးမှာဒီလို Talent လည်းရှိသေးတယ်ပေါ့ ။ သူ့ကောင်လေးက
လူတော်လေး ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Donde viven las historias. Descúbrelo ahora