Epi <28> - Cat and chick

2.1K 119 3
                                    

[Unicode]

ချစ်ရသူမောင်ရဲ့ရင်ခွင်ထဲမှီကာ ဇာတ်ကားကြည့်ရတဲ့ feel
ကဘာနဲ့မှမတူဘူး ။ မောင်ကထယ်ယောင်းကို
ဖတ်ထားပြီး ဆံသားနူးအိအိလေးကိုကို ဖွပေးနေသလို
အောက်ကထယ်ယောင်းကလည်း တခစ်ခစ်ရယ်နေသည် ။
ဂျောင်ဂု ကထယ်ယောင်းရယ်ရင် လိုက်ရယ်သည် ။
ဇာတ်ကားကြောင့်တော့မဟုတ် ချစ်ရသူရဲ့အပြုံးမှာ
နှစ်ပြောပြီး ကိုယ်ပါအလိုလိုပျော်မိလာတာမျို ။ တစ်ခါတရံ
ထိုနှုတ်ခမ်းပါးပါးလေးကို စုပ်ယူမိတော့အဆူခံရသေးတယ် ။
အသဲယားမိလို့ပါ ...

" ဇာတ်ကားတော့ အေးအေးကြည့်ပါရစေ "

" အချစ် ကဇာတ်ကားကြည့် မောင်ကအချစ်ကိုကြည့်မယ် "

" ဟွန့် ငါ့မျက်နှာမှာဘာကြည့်စရာရှိလို့လဲ "

" ရှိတာပေါ့ အချစ်ရဲ့ဘယ်နေရာမဆို မောင်ကြည့်မဝဘူး
သိရဲ့လား "

" အောဟော ပိုလိုက်တာ "

" အသဲယားတယ်ကွာ "

မွ ... မွ !!

အနမ်းပေးမိတော့ ရရှိလိုက်သည့်မျက်စောင်းသေးသေး ။
အသဲယားလိုမျက်ခွံမို့မို့လေးကို နမ်းမိပြန်တော့
သူကောင်းကောင်းမကြည့်ရဘူး ဆိုတဲ့အကြောင်းပြချက်နဲ့
ဖယ်ခွာသွားသည် ။ ရင်ခွင်ထဲအတင်းပြန်ဆွဲထည့်တော့
ခပ်ရေးရေးပြုံးလာသည့် သူလေးကအပျိုဖြန်းလေးလို
ရှက်နေသေးတာ ။

" ဟို ... သခင်လေးဂျောင်ဂု အိမ်ရှေ့မှာလူတစ်ယောက်
ရောက်နေပါတယ်ဗျ "

ချစ်ကြည်မူးနေကြသူနှစ်ယောက် အခက်အခဲမဖြစ်စေဖို့
အိမ်တော်ထိန်းကြီး အခြေအနေကြည့်ပြီးမှပြောရပုံ ။
ဂျောင်ဂု မျက်ခုံးတစ်ဖက်ပင့်မိသွားသည် ။ ဘယ်သူလဲ ...
သူလဲဘယ်သူ့ကိုမှမခေါ်ထားသလို အိမ်ကိုလဲ
တစ်ယောက်မှ လာစရာလူမရှိ ။

" ဘယ်သူတဲ့လဲ "

" ပတ်ခ်ဂျီမင်း လို့ပြောတယ် "

ပေါက်ပေါက်ဆုပ်ဘူးကို လက်လှမ်းနေတဲ့ ထယ်ယောင်း
လှည့်ကြည့်လာသည် ။ ဂျီမင်း တဲ့လား ။ ညကြီးချိန်ခါ
တစ်ယောက်တည်း ဘာလာလုပ်တာလဲ ။

အိမ်တော်ထိန်းကြီးကို တံခါးသွားဖွင့်ခိုင်းပြီး ဂျီမင်း ကို
ခေါ်လာခိုင်းလိုက်သည် ။ ဂျောင်ဂု မျက်ခုံးတွေကတော့
ခပ်လှုပ်လှုပ် ။ သူ့ကိုဒီနေ့အချစ်ခွင့်ပြုထားတာလေ ...

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Donde viven las historias. Descúbrelo ahora