[Unicode]
မေ့မြောနေသေးတဲ့ ထယ်ယောင်း လက်ကိုခပ်ဖွဖွ
ပွတ်သပ်ပေးရင်း ဂျောင်ဂု ငြိမ်နေမိသည် ။ ဒီကလေးလေး
အရမ်းမျှော်လင့်ထားတဲ့ သားသားလေး ။ အချစ်ဆို
ဘယ်လိုလုပ်မလဲ ။ သူဘယ်လောက်အနစ်နာခံထားရလဲ ။
အချစ်သာနိုးလာခဲ့ရင် ဘယ်လိုပြောပြရပါ့မယ်လဲ ။ အခုမှ
သားသားလေးမှန်းသိရပြီး လူတောင်သေချာမဖြစ်သေးတဲ့
ခြောက်လကလေးလေးကို ။ ခြောက်လ ... ခြောက်လ/ ခြောက်လသားကလေးလေးက သေရမှာသေချာနေပြီ /
ခေါင်းထဲတရိပ်ရိပ်ပေါ်လာတာနဲ့အညီ မျက်ရည်တို့
တတောက်တောက်ကျလာခဲ့သည် ။ ချက်ချင်းဆေးရုံအပြင်
မှာရှိတဲ့ကားကိုတက်သွားကာ တောက် ခေါက်ပြီး
မောင်းထွက်သွားခဲ့သည် ။ Re လည်းအခြားကားနဲ့
သူ့ဘော့စ်နောက်သွာ လိုက်သွား၏ ။ ဒီလိုအချိန်
ဒေါသကြီးလွန်းရင် မထိန်းနိုင်တဲ့ ဂျောင်ဂု အကြောင်း
သိလို့ပင် ။ဆိုးလ်မြို့ရဲ့အပြင်ဘက် ... ညဘက်အချိန် ။
မှောင်မိုက်နေပြီး အလင်းရောင်မှိန်မှိန်လေးတောင် မရှိချိန်မှာ
ကားတစ်စီးက အရှိန်ပြင်းစွာမောင်းနှင်လာသည် ။
ကားရပ်ပြီးတဲ့နောက် တခါးကိုအသံကျယ်လောင်စွာ
မြည်အောင်ပိတ်ပြီး ဆင်းလာတဲ့ ဂျောင်ဂု ။" ထွက်ခဲ့စမ်း ... အဒေါ်ကြီး မင်းဒီမှာရှိနေတယ်
ချက်ချင်းထွက်ခဲ့စမ်း "ညကြီးချိန်ခါ တိတ်ဆိတ်မှုတွေနဲ့ လယ်ကွင်းပြင်တို့က
ပြက်ရယ်ပြုနေသယောင် ။ ကားအသွားအလာနည်းပြီး
လေတဖြူးဖြူးတိုက်နေချိန်မှာ ဒေါသအဟုန်တွေ
တောက်လောင်နေမိသူက ဂျောင်ဂု သာ ။ သမီးဇောနဲ့
မျက်လုံးတွေရဲတွတ်ပြီး သူ့လည်ချောင်းတွေနာတဲ့အထိ ။
ဆိုးဝါးလွန်းတဲ့ဒီခံစားချက်ကို သူကိုယ်တိုင်သာ သိမည် ။" အခုချက်ချင်း ထွက်ခဲ့စမ်းလို့ပြောနေတယ်မလား "
" ဘော့စ် စိတ်ထိန်း "
ဘေးက Re ကဝင်ထိန်းပေမယ့် ပုတ်ထုတ်ခံလိုက်ရတဲ့
သူ့လက် ။ Re လိုလူကောင်ခပ်ထွားထွားတောင်
သူ့ရဲ့ဒေါသအရှိန်ကို မခံနိုင်လို့ဒီလိုမျိုးဆို သူလည်းဘေးက
ဝင်ထိန်းလို့မရတာတွေများသည် ။
YOU ARE READING
♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓
Fanfiction" မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 🍓 " မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚖𝚘𝚛𝚎 𝚝𝚑𝚊𝚗 𝚢𝚎𝚜𝚝𝚎𝚝𝚍𝚊𝚢 𝚋𝚞𝚝 𝚕𝚎𝚜𝚜 𝚝𝚑𝚊𝚗 𝚝𝚘𝚖𝚘𝚛𝚛𝚘𝚠 ☘︎ Warning - Male Pregnant / Married li...