Epi <38> - Maung's Angel

2.3K 109 0
                                    

[Unicode]

မှန်ထဲမှာပေါ်နေတဲ့ ကြွေရုပ်လေးဟာ
မိမိဟုတ်မှဟုတ်ပါ့သလားလေ ။ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးဖူးပေမယ့် အမွမ်းတင်ဖူးတာတော့ ပထမဆုံး
ထင်ပါရဲ့ ။တကယ်လည်းအနက်ရောင်ဆံသားပျော့ပျော့တို့က
ရွှေအိုရောင်ဆံပင်အုပ်အုပ်လေးဖြစ်လို့နေပြီ ။ မျက်ခုံးလှလှ
လေးအပေါ် တစ်ချက်ပွတ်ဆွဲတော့ ဆံပင်လေးကဘေးရွေ့
သွားသည် ။ မောင့်ဖြစ်သွားမယ့်မျက်နှာလေးကို တွေးရင်း
ပြုံးမိတော့တော့ ဆံပင်ဖြောင့်စက်နဲ့ကောင်မလေးကလည်း
ပြုံးကာ

" သဘောကျတယ်မလား "

" ကျေးဇူးပါ "

" မလိုပါဘူး ၊ တကယ် ကင်မ်ထယ်ယောင်း ကအပြင်မှာတွေ့ရတော့ ပိုချောတာပဲ "

" ဟုတ်လား ဟီးဟီး "

ဆိုင်က အမချောချောလှလှတို့က ထယ်ယောင်း ကိုကြည့်ရင်း
ချီးကျူးစကား‌ေတ္ အတော်မသတ်နိုင် ။ သူတို့ထက်တောင်
လှလွန်းလို့ရယ်ပါ တဲ့လေ ။ အပြီးသတ်သွားတဲ့နောက် ကဒ်နဲ့ငွေရှင်းခဲ့ကာ ကားတစ်စီးအားကိုယ်တိုင်မောင်း၍ ဟန်မြစ်ဘေးတစ်လျောက်သာ မောင်းနှင်လာခဲ့သည် ။

အပင်စိမ်းစိမ်းပုပုသေးသေးလေးတွေက ဆိုင်ရှေ့မှာ
ပြည့်နှက်နေပြီး မှန်တံခါးကိုဖွင့်ဝင်သော မပြောင်းလဲသေးသည့် ခပ်သင်းသင်းကော်ဖီရနံ့နဲ့
သီချင်းအေးအေးလေး ။ မုန့်အနံ့ချိုအီအီလေးအပြင်
အဲကွန်းလေအေးနဲ့ပူနွေးနွေးကော်ဖီတို့ကြားက ခံစားချက် ။

" ပါးပါး !! "

" ဦးငယ် ... ပါးပါးလာပြီ "

ခြေထောက်တိုတိုလေးတွေနဲ့ ခုန်ဆွခုန်ဆွလာပြီး
ပေါင်တစ်ဖတ်တစ်ချက်စီကိုပြေးဖတ်ကြသည် ။
အေပရွန်အညိုရောင်လေးနဲ့ကောင်လေးက ခပ်သုတ်သုတ်အပြင်ထွက်လာပြီး သူ့ကိုမြင်တော့ပြုံး၏ ။

" ထယ်ယောင်း ဆံပင်သွားလုပ်လာခဲ့တာလား "

" အင်း နည်းနည်းအရောင်ချိန်းလိုက်တာ လိုက်လား
သားသားတို့ရော ပါးပါးပိုချောသွားတယ်မလားဟင် ?? "

" ချွဲဂို(အကောင်းဆုံး) "

" အွန်း ပါးပါးကချောတယ် "

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now