Epi <2> - Heartbeat

5.9K 413 17
                                    

[Zawgyi]

"ဒီဟာကိုတောင်မလုပ်နိုင်ကြတာ
ဘယ်မှာ စောက်သုံးကျကြလဲ''

ထိုသူမှာ တခြားသူမဟုတ် CEO ဂျွန်ဂျောင်ဂု ပင်။
စာရင်းစစ်ကြည့်ရာ 0 နှစ်လုံးကွာနေသည်မို့ ။
သူ့အတွက်တော့ ဘာမှမဟုတ်ပေမဲ့ စည်းကမ်းကြီးပြီး တိကျလွန်းတာကြောင့် ဝန်ထမ်းကောင်လေးခဗျာ
တုတ်တုတ်မျှမလှုပ်ရဲ ။

" သွားတော့ ငါ့ရှေ့ကသွားလို့ရပြီ "

" Nae ခွင့်ပြုပါဦး Boss ''

ဟိုဆော့ ကတော့ဘာလုပ်ရမယ်ဆိုတာသိသည်ထင် ။
3လစာကြိုပေးပြီး သူတို့လောကထဲက Blacklist ထဲ
ထည့်ထားလိုက်ပြီ ။

ရုံးခန်းရှေ့က ဝန်ထမ်းကောင်မလေးမှာလည်း သူတို့Bossရဲ့
ဒေါသအကြောင်းသိသည်မို့ ခပ်လန့်လန့် ။

" ဟို ဟို ဟိုဆော့အိုပါး Boss အခြေအနေ "

ဟိုဆော့ ကလည်း လက်ကာပြပြီးခေါင်းတခါခါနှင့်

" မရသေးဘူး ... ဒီအချိန်သွားရင် သေဖို့ပဲရှိမယ်
ပေး ပေး ငါ့ကိုပေးထား "

ထိုကောင်မလေးမှာလည်း သူ့လက်ထဲကစာရွက်အထပ်လိုက်
ကြီးကို လက်လွှဲပေးလိုက်ရသည် ။

ထိုအခါ အုန်း !! ကနဲပွင့်သွားသော ရုံးခန်းတံခါး ။

ဟိုဆော့နဲ့အတွင်းမလေးခဗျာ သူတို့ရဲ့လက်လေးတွေတောင်
တန့်သွားရသည် ။

" အိမ်ပြန်မယ် "

" အော် အင်း အင်း "

ခက်ထန်တဲ့မျက်နှာ နီရဲနေတဲ့ မျက်လုံးတစ်စုံနဲ့
ခြေလှမ်းကျယ်ကြီးတွေကိုကြည့်ခြင်းအားဖြင့်
ဘယ်လောက် စိတ်တိုနေကြောင်း သိနိုင်သည် ။

ဟိုဆော့ ကတော့ ဂျောင်ဂု နောက်လိုက်သွားပြီ
ကျန်ခဲ့တဲ့ကောင်မလေးကတော့ ခြေဖျားလက်ဖျားတွေအေးပြီး
တောင့်တောင့်ကြီးနှင့် ။ သူအမှားတွေများ
လုပ်ထားမိသေးသလား ပြန်ဆန်းစစ်နေရသေးသည် ။

ထိုကောင်လေးလုပ်တာ အဲ့လောက်ထိဖြစ်သွားမယ်မထင်ခဲ့ ။ဘာကြောင့် အဲ့တာလေးကို ဒီလောက်စိတ်ဆိုးနေတာလဲ ။
အိမ်တောင်ပြန်သွားတဲ့အထိ။

အဲ့တာကိုတော့ ကာယကံရှင် ​ဂျောင်ဂုကိုယ်တိုင်သာသိမည် ။

________________________

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Onde histórias criam vida. Descubra agora