[Unicode]
Seoul အလယ်တန်းကျောင်းတွင်ဖြစ်သည် ။ ကျောင်းပိတ်ရက်ဖြစ်သော်ငြား အချိူ့သောကလေးများကို
အချိန်ပိုအနေဖြင့်စာသင်ချိန်ထပ်ဆောင်း သင်ကြားပေးနေရခြင်းဖြစ်သည် ။အခြေအနေအတန်းအစားအမျိုးမျိုးမှ
ခပ်ပေပေကောင်လေးများ ၊ မိဘအရှိန်ကြောင့်
စာဘက်ကိုတစ်စက်မှလှည့်မကြည့်သူများ ၊ နဂိုကတည်းက
စာလုပ်ချင်စိတ်မရှိသူများ အားလုံးလိုလိုကို အားတဲ့အချိန်
လေးမှာသင်ပေးနေတာဖြစ်သည် ။ တချိူ့တလေကြတော့
လည်း အားအားယားယား ကစားချင်လို့လာသူတွေလည်း
ရှိကြသေးသည်လေ ။ကျောင်းဝင်းထဲဝင်လိုက်တာနဲ့ ဆူညံစူးရှနေသော
အသံပေါင်းစုံတို့ကဟိန်းထွက်လာသည် ။ ကျောင်းပေါက်ဝမှာ
တော့ သူရဲ့လက်ဆွဲအိတ်နဲ့အင်္ကျီပွပွဝတ်ထားသော်ငြား
လှပနေဆဲဆရာအလှလေး ကင်မ်ထယ်ယောင်း ၊
ဘေးမှာကတော့ကျောင်းကိုပထမဆုံးရောက်ဖူးပုံပေါ်နေသည့်
အကိုကြီးတစ်ယောက် ဂျွန်ဂျောင်ဂု ၊ ပြီးတော့
မျက်နှာလေးခပ်ရှုံ့ရှုံ့နဲ့ ကလေးသုံးယောက် ။ဂျောင်ဂု ကဒီကျောင်းရဲ့ Founder တစ်ဦးဖြစ်
ပေမယ့် တစ်ခါမှမရောက်ဖူး ။ အားလုံးကို ဟျောင်း
တို့နဲ့ပဲအပ်ထားသည်မို့ နည်းနည်းပါးပါးစပ်စုချင်ရာ
ကျောင်းဝန်းထဲ ကောင်လေးတို့နောက်ကနေလမ်းလျှောက်ရင်း
လှည့်ပတ်ကြည့်နေလိုက်သည် ။Founder - Black Diamond
Every Year Donation - Black Diamond
Builted In 2015စသဖြင့်ရေးထွင်းထားသော ကျောက်တိုင်ကြီးတစ်ခုကို
တွေ့ကြည့်ရာ 'မဆိုးပါဘူးလေ' ဟုမှတ်ချက်ပြုနိုင်သော
အမူအရာတစ်ခု ဂျောင်ဂု မျက်နှာပေါ်တွင်
ပေါ်ထွက်လာခဲ့သည် ။အခန်းတစ်ခန်းရှေ့အရောက်တွင် ထွက်လာတဲ့ မိန်းကလေး ။ မိန်းကလေးဟုမဆိုရာ အသက်30ကျော်လောက်ရှိမည်
ထင်သောကြောင့် အဒေါ်ကြီး ဟုပင်ခေါင်းစဉ်တပ်ရမလား ။သူမကိုတွေ့သည်နှင့် မဲ့ရွဲ့သွားသောကလေးသုံးကောင်၏
မျက်နှာကဘာကိုအဓိပ္ပါယ်ဖော်ဆောင်နေမှန်းမသိ ။
ထယ်ယောင်း ကထိုကလေးသုံးကောင်ကို ဆရာမလက်ထဲ
ထည့်ပေးလိုက်ချိန် ကလေးသုံးကောင်က ဆရာအလှလေး
ကိုဖတ်တွယ်ကာ အိကနဲငိုချပါလေတော့သည် ။
![](https://img.wattpad.com/cover/232072324-288-k984840.jpg)
YOU ARE READING
♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓
Fanfiction" မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 🍓 " မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚖𝚘𝚛𝚎 𝚝𝚑𝚊𝚗 𝚢𝚎𝚜𝚝𝚎𝚝𝚍𝚊𝚢 𝚋𝚞𝚝 𝚕𝚎𝚜𝚜 𝚝𝚑𝚊𝚗 𝚝𝚘𝚖𝚘𝚛𝚛𝚘𝚠 ☘︎ Warning - Male Pregnant / Married li...