Epi <34> - Two snow balls

2.7K 137 1
                                    

[Unicode]

ပန်းပန်းနွယ်းနယ် ညိုးငယ်မှုတွေနဲ့အတူ ဖြူလွှလွှဖြစ်နေတဲ့
အချစ်က ယခုထိတိုင်သတိပြန်မလည်လာသေး ။
မောင် ကတော့ အနှီလူသားအားတစိမ့်စိမ့်ကြည့်ရင်း
သူလေးကို စောင့်မျှော်နေမိ၏ ။ အချစ်ရဲ့ကုတင်စွန်းပေါ် ခေါင်းတင်ပြီးအိပ်မိလို့ တလှုပ်လှုပ်ဖြစ်လာတဲ့ သူ့ရဲ့လှုပ်ရှားမှုကိုသိရသည် ။

" အချစ် သတိရပြီလားဟင် "

ခေါင်းအသာငြိမ့်ပြတဲ့သူကြောင့် ဘေးက Re ကို
ဆရာဝန်တွေလှမ်းခေါ်ကာ ။

" သား သားတွေရော "

" စကားသိပ်အများကြီးမပြောနဲ့ဦးနော်ချစ်ဆုံး ...
သားသားတွေကိုခဏနေမှလာပို့လိမ့်မယ် "

" အွန်း "

လက်ကဆေးအပ်တွေကြောင့် မလှုပ်မရှားချင်ပဲ
ထယ်ယောင်း မျက်လွှာပြန်ချလိုက်သည် ။ ငါတကယ်
နောက်ဆုံးတော့ မောင့်အတွက်သားလေးတွေ ခေါ်ပေးလာနိုင်ပြီပဲ ။ နာကျင်လွန်းလို့ မွေးပေးဖို့တောင်
သတ္တိမရှိတော့ဘူးထင်နေခဲ့တာ ။ ဒါပေမယ့် ခွဲစိတ်ခန်းထဲထိ
လက်ကိုကိုင်ပေးထားပြီး အားပေးစကားတွေပြောနေတဲ့
မောင့်က ခွန်အားပဲ ။ ဆရာဝန်ကြီးတွေရဲ့ပြောစကားတွေ
မောင့်စကားသံ မောင်ချက်ကြိုးဖြတ်ပေးတာကအစ
အကုန်ကြားနေခဲ့ရတယ် ။ အသိရှိပေမယ့် မလှုပ်ရှားနိုင်
တာလေးတစ်ခုပဲ ။ ဒီဗိုက်ထဲမှာ ကိုးလလုံးလုံး ကန်ကျောက်
နေခဲ့တဲ့ အဆိုးအတေလေးတွေရဲ့ ငိုသံကိုကြားတော့
ပျော်လွန်းလို့မျက်ရည်ကျနေခဲ့တာ ။ နှစ်ယောက်တောင်
ဆိုတဲ့ ယွန်းဂီဟျောင်းစကားကြောင့် ခန့်မှန်းချက်မှန်သားပဲ ။
ဒီကသားလေးနှစ်ယောက်ရဲ့ငိုသံကြောင့်
အားအင်ချိနဲ့နေတာတွေ ကြောက်စိတ်တွေအကုန်
ဆွဲယူခံလိုက်ရသလို ။ ပိစိနှစ်ယောက်လုံးကို အားတင်းပြီး
ဗိုက်ထဲကထုတ်တာခံပြီးမှ စိတ်ဒုံးဒုံးချကာ အိပ်စက်နေခဲ့တာ။

" ထယ်ယောင်း သတိရပြီလား "

" ခုနကပြန်နိုးလာပြီ ဂျီမင်းဟျောင်း "

" အော် ဒီမှာငါ့ကိုပေါက်စီဆိုင်က စွပ်ပြုတ်ပေးလိုက်တယ်လေ ထယ်ယောင်း မွေးပြီလို့
ပြောတော့ အစာမာတွေမစားရမှန်းသိလို့ တဲ့ "

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now