[Unicode]
" မောင်ရေ Chuseok တောင်ရောက်တော့မယ်နော် "
" ဟုတ်လား မောင်တောင်သတိမထားမိဘူး "
မှန်ခန်းထဲက ဂျောင်ဂုကပြောသည် ။ ထယ်ယောင်းက
ဆိုဖာပေါ်ကချက်ချင်းထလာပြီး ဂျောင်ဂုပေါ်ကုပ်တက်ကာ" အမယ်လေးအချစ်ရဲ့ မောင့်Laptop ပြုတ်ကျပါဦးမယ် "
" အမယ် .. ဒီကိုကြည့် !! "
" ဘာလဲအချစ်ရဲ့ပြောလေ "
ဂျောင်ဂုကိုဖတ်ထားပြီး သေချာကြည့်နေတာ ။
မျက်လုံးကြည်ကြည်လေးတွေနဲ့ စိုရွှဲရွှဲနှုတ်ခမ်းလေးကလည်း
ဟစိစိ ။ ရုတ်တရတ်ခေါင်လေးစောင်းလာကာ ဂျောင်ဂုနှုတ်
ခမ်းကိုလာနမ်းတော့သည် ။ပြွတ်စ် ... !!!
" ဂွတ်နိုက်ကစ်စ် ပါမောင် ငါအိပ်တော့မလို့ ဟီးဟီး "
ဂျောင်ဂုကြောင်အနေရင်းမှ အသိပြန်ဝင်လာကာဟက်ကနဲ
တစ်ချက်ပြန်ရယ်၏ ။ အခုတလောအချစ်က သူ့ဘက်ကနေ
လာနမ်းတတ်တယ် ပြီးရင်သူ့ဘာသာပြန်ရှက်ပြီး ထွက်ပြေး
နေတတ်တာ ။ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေသလဲ ။ဂျောင်ဂုလည်းလုပ်စရာရှိတာတွေမြန်မြန်လတ်စသတ်ကာ
အခန်းထဲသို့ဝင်လာခဲ့သည် ။ ပိတ်ထားသောမီးတွေ
ပြန်ဖွင့်လိုက်တော့ စောင်ပုံထဲကလှုပ်စိလှုပ်စိနဲ့ကလေးလေး ။" ကောင်လေးတစ်ယောက် နမ်းသွားပြီးခိုးရယ်နေတယ်ပေါ့ "
" ငါမဟုတ်ဘူး ... !! "
စောင်အောက်ကနေလှမ်းအော်သည် ။
" မောင့်ကိုဘယ်သူနမ်းသွားတာလဲကွာ "
" မင်းယောက်ျား "
" ဘယ်သူလဲ သူက "
" ဘာလဲ မသိဘူးလား "
ချက်ချင်းစောင်အောက်ကထထိုင်ပြီး ဆံပင်ရှုပ်ဖွားလေးနဲ့
ရန်တွေ့လေသူ ။" မင်းယောက်ျားဘယ်သူလဲမေ့နေတာလား သွား သွား
အပြင်ထွက် ဝင်မလာနဲ့ "နှုတ်ခမ်းကြီးဆူပုတ်ကာ ဂျောင်ဂုကိုမောင်းထုတ်လေရဲ့ ။
" ကျွန်တော့ယောက်ျားက ဟောဒီ့ကအလှလေး
ဂျွန်ထယ်ယောင်းပါခမျ ရပြီလား ဟီးဟီး "
CZYTASZ
♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓
Fanfiction" မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 🍓 " မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚖𝚘𝚛𝚎 𝚝𝚑𝚊𝚗 𝚢𝚎𝚜𝚝𝚎𝚝𝚍𝚊𝚢 𝚋𝚞𝚝 𝚕𝚎𝚜𝚜 𝚝𝚑𝚊𝚗 𝚝𝚘𝚖𝚘𝚛𝚛𝚘𝚠 ☘︎ Warning - Male Pregnant / Married li...