နေမထွက်သေးသော မနက်ဝေလီဝေလင်းအချိန်ဟာ အမှောင်အတိကျ၍နေသည်။ သို့ရာတွင် ဆိတ်ငြိမ်နေခြင်းတော့မဟုတ်ဘဲ ရပ်ကွက်လမ်းများနှင့် အိမ်ပေါက်စိတွင် အသံဗလံမျိုးစုံနှင့် ဆူညံနေကြ၏။ ပျော်ရွှင်အော်ဟစ်သံများနှင့်အတူ ငိုယိုကြေကွဲသံများ တသောသောနှင့် ဆယ်တန်းစာမေးပွဲရလဒ်ကို အာရုံပြုနေကြခြင်းပင်။
"ဟာ...ဟိတ်ကောင်...-ီးမို့ ပုဆိုးကို ဆွဲနေတာလား"
လက်တစ်ဖက်က သံတိုင်ကို ကျစ်ကျစ်ပါအောင် ကိုင်၍ ကျန်တစ်ဖက်က ဇွတ်ဆွဲခံနေသော ပုဆိုးစကို ဆုပ်ရင်း မိမိအောက်မှ လေးလုံးကောင်ကို လှမ်းအော်လိုက်သည်။
"ငါမှ မမြင်ရတာကွာ .. ၊ လူတွေကလည်း အများကြီး"
"မင်းဘာသာမင်းအိပ်ရာစောစောထပြီး လာပါ့လား ၊ သူများနေရာရမှ တကတည်း....ဟာ မတိုးနဲ့"
သူ့ကိုလည်း လှမ်းဟောက်ရသေး ၊ နံဘေးက တိုးကြိတ်နေသော လူအုပ်ကိုလည်း လှမ်းဟန့်ရသေးဖြင့် သံတိုင်အရှေ့ဆီမှ အောင်စာရင်းကို မနည်းအာရုံစိုက်ကြည့်နေရသည်။
"ငါ့ကိုကြည့်ပေးစမ်းပါကွာ..."
"မကြည့်ပေးပါဘူး....ဘာလို့ကြည့်ပေးရမှာလဲ"
"အေး...မင်းမကြည့်ပေးဘူးနော် ၊ ရတယ်"
"အား!!!မလုပ်နဲ့...မလုပ်နဲ့...ကြည့်ပေးမယ်"
ခွေးကောင်က သူလက်လှမ်းမီရာ ပုဆိုးကို လက်ဖြင့် ဇွတ်ဆွဲချွတ်နေသောကြောင့် ငယ်သံပါအောင်အော်ပြီး မနည်းပြန်ဆွဲထားရသည်။
ကြည့်ပေးမယ်သာ ပြောမိတာ ၊ အမှန်က ကိုယ့်ဟာကိုယ်တောင် မကြည့်ရသေး...။
"တွေ့ပြီ....မောင်ဝရုန်းသိုင်းမာန် မြန်မာ ၊ဓာဒုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ"
အောင်စာရင်းထဲ ပါသော သူ့နာမည်ကို ဝမ်းသာတကြီး ရေရွတ်၍ အနောက်မှ ဂုဏ်ထူးတွဲများကိုပါ ကြားလိုက်ရသဖြင့် သံယာပါ အလိုအလျောက်ပြုံးမိသွားသည်။
"လေးဘာသာတောင် ပါတာပဲ....မိုက်လိုက်တာ"
"အေး...မင်းနာမည်ရှာပေးမယ်....ခဏ....မင်းနာမည်မတွေ့ဘူးကွ....ဟင် ၊ မင်းအောင်ရောအောင်ရောလား"
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....