အပိုင်း-(၂၂)

15.9K 1.8K 439
                                    

( Mature scenes alert )

ငွေဖျော့ရောင်လရောင်သည် ပြတင်းပေါက်ငယ်၏ သံတိုင်များကြားထဲသို့ ဖြတ်သန်း၍ တိုးဝင်ဖိတ်ဆမ်းနေသည်။

အဆောက်အအုံထဲရှိ လူနှစ်ယောက်သည် ကောက်ရိုးပေါ်ပုံတွင် အိကျနေသော်လည်း ဖရိုဖရဲတည်ရှိနေကြတာမဟုတ်။

လက်ချောင်းညိုတို့က လေးထာင့်မကျတကျမေးရိုးထက်တွင် တယုတယပြေးလွှားနေသည်။ အနမ်းတို့ ထပ်တူကျစဉ် ကောက်ရိုးစအချို့ကို ဆွဲကိုင်ထားသော သံယာ့လက်မှာ သူ့လည်ပင်းထက်ယှက်၍ ဖျော့ချလိုက်ရာ အဝတ်မဲ့ကျောပြင်ပြန့်ပေါ်သို့ ထိုအမျှင်များ ဖွာခနဲကျလာတော့သည်။ ခွာလိုက်သော နှုတ်ခမ်းနှစ်ခုကြားညှိတန်းနေသော ငွေရောင်ကြိုးတို့သည် ဝရုန်းဖိသုတ်လိုက်သော လက်မအောက်တွင် ပျောက်ခြင်းမလှ ပျောက်သွားလေ၏။

ထို့နောက် ဝရုန်းက မချိုမချဉ်ပြုံး၍ ဘေးတွင်ဖြစ်သလိုချွတ်ထားသော သူ့ရှပ်ကို ဆွဲယူလိုက်သည်။ အိတ်ကပ်အထဲမှ နှိုက်ယူလိုက်သော အဝါရောင် အထုပ်လေးက သံယာ့မျက်နှာကို ပူနွေးသွားစေ၏။

"ဘယ်တုန်းက ဝယ်ထားတာလဲ?"

"ကျောင်းရှေ့မှာ လာဝေတုန်းက။ ငါလဲ ဘာရယ်မဟုတ်ဘူး...ဆောင်ထားလိုက်တာ"

ထိုအခါ အိတ်ကို ပါးစပ်ဖြင့် ကိုက်ဖောက်နေလျက်ရှိသော ဝရုန်း၏ စနစ်ကျပုံကို စိတ်ထဲမှ အမှတ်ပေးလိုက်သည်။ အချိန်မဆွဲစေရန် လက်မောင်းကနေ ဆောင့်ဆွဲပြီး သူ့ရှေ့ခေါ်တော့ ဝရုန်းသိုင်းမာန်က အူကြောင်ကြောင်ရယ်။

"မြန်မြန်လာ။ ဒီလိုကြီးနေနေရတာ ငါရှက်တယ်"

သူပြောမှ ခြေကားယားလက်ကားယားလေးနှင့် ကောက်ရိုးပုံပေါ်တွင် ချွတ်ထားသော သူ့အဝတ်သူ ခံလျက် လှဲနေသော အဖြစ်ကို သတိထားမိကာ တခွီခွီရယ်တော့သည်။ ပုံမှန်ဆို သူ့လက်ချက်ကြောင့် ဝရုန်း၏မျက်နှာစုတ်ပြီဖြစ်သော်လည်း ယခုတွင်ကား ချိုင်းမှ ဆွဲမဖက်လို့ သူလှဲနေသည့်အတိုင်း ချုပ်ကာပွေ့လိုက်သည့်အခါ ငတိလေးထံက ရယ်သံကပျောက်သွားသည်။

"ငါ့ရဲ့ရှို့လေး...ကြောက်နေလား?"

မေးတင်ထားရာ ပုခုံးလေးကို တဖျတ်ဖျတ်နမ်းလို့ သံယာ့ကျောပြင်ကို ပွတ်သပ်နေမိသည်။ ဖြူဉနေတဲ့ အသားအရည်က ထိတွေ့လိုက်တိုင်းမှာ ကျေနပ်ဖွယ်ကောင်းစွာ နူးညံ့လှပလေသည်။ အဖြူရောင်ကျောပြင်ထက်က Yone ဆိုသော နာမည်လေးရှိမည့်နေရာကို မှန်းဆ၍ လက်ညိုးထိပ်လေးက ရွေ့လျှောက်နေသည်။ ထပ်တူကျလျက်ရှိသော သံယာရဲ့ လက်ချောင်းတို့ကလည်း သူ့ကျောထက် ပြေးလွှားနေတာ ကြာရှည်စွာပါပဲ။

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now