(2013)
"ငါ ဒါယူမှာ...."
"မရဘူး....ငါဒါစားချင်နေတာ ကြာလှပြီ"
နှစ်ယောက်၏ လက်ကြားထဲမှာ အလုခံနေရသော ကွတ်ကီးဘူးလေးဟာ မကြာခင် ပေါက်ထွက်တော့မည်။ တစ်ယောက်နှင့်တစ်ယောက်ကလည်း အလျှော့ပေးမည့်ပုံမပေါ်ချေ...။
ဟန်အိမ်ပြန်ရောက်ကတည်းက ကလေးနှစ်ယောက်က သူ့ Luggage ကို ဖွင့်ပြီး လိုချင်သည့် လက်ဆောင်များကို ဝေစုခွဲလုယူနေကြသည်။
ဟန်လည်း လိုချင်သလောက်ယူ သဘောဖြင့် ပစ်ထားကာ ဖေဖေနှင့် အေးဆေးစကားပြောနေဖြစ်သည်။ ခုကား ဝင်မပါလို့မရတော့သည့် အခြေအနေမို့..."ကလေးတွေ....မလုနဲ့လေ....အကို နှစ်ယောက်လုံးအတွက် ညီတူညီမျှ ဝယ်လာတာ ၊ အိတ်ထဲမှာ သေချာရှာကြည့်"
ထိုစကားကို ကြားရမှ ဝရုန်းက မျက်လုံးလေးတလက်လက်ဖြင့် အိတ်ထဲမှ ဟန့်အဝတ်များကို ဖွပြီး အဆုံးထိလက်နှိုက်ရှာသည်။ မကြာပါ ၊ လက်တွင်းပါလာသာ ကွက်ကီးနောက်တစ်ဗူးကြောင့် ကျေနပ်သွားဟန်ပြုံး၍ ရင်ခွင်ထဲထည့်ပိုက်ထား၏။ သံယာကတော့ မျက်စောင်းတစ်ချက်ပေး၍ ဦးစက သူလုထားသော ကွတ်ကီးဘူးကို ဖောက်၍ နှိုက်စားနေလေပြီ။
"မာန်ရေ....မာန်"
နှစ်ကောင်သား မုန့်စားနေချိန် အိမ်တံခါးပေါက်ဆီမှ လာသော မိန်းကလေးသံခပ်ချိုချိုကြောင့် ကွတ်ကီးဘူးထဲမှ ခေါင်းထောင်ကြည့်လိုက်ကြသည်။
"ကြွေ...ညီမလေး လာလေ"
တံခါးဝမှ ဆံပင်ရှည်ရှည်နှင့် ကောင်မလေးကိုမြင်သဖြင့် ဟန် စကားဦးကြိုလိုက်သည်။ ကြွေက သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ပြုံးပြ၍ ဧည့်ခန်းထဲသို့ ဝင်ကာ ဝရုန်းနှင့် သံယာအနားလာထိုင်၏။
"ကြွေ...ဘာကိစ္စလဲ"
"ဟို...မနက်ဖြန် ကျောင်းတက်ရတော့မှာနော်"
"အေးလေ"
သံယာက ကွတ်ကီးနှိုက်စားလျက် အေးအေးလူလူပြန်ဖြေသည်။
"စားဦးမလား?"
"တော်ပြီ...အရေးကြီးတာပြောမလို့"
အငြင်းခံလိုက်ရသော ကွတ်ကီးဘူးကို ခဏထားကာ ကြွေသင့်ထည်ပြောမည့်စကားကို သူတို့နှစ်ယောက်လုံး အာရုံစိုက်နေကြသည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....