ယဲ့ယဲ့မျှသာ ရှိတော့သော ကိုယ်အလေးချိန်။
သူသည် နဖူးပေါ်က လှပ်သော ဆံမျှင်များကို သပ်တင်ပြီး ပေါင်ချိန်စက်မှ နံပါတ်ကို အတန်ကြာ ငေးကြည့်နေမိသည်။
ကိုယ်ခန္ဓာမှာ အထောက်အကူပြု ဆဲလ်တွေ လျော့ကျသွားပြီ။ အညံ့တွေ ပိုတိုးလာပြီ။ သူ၏ အချိန်မှာ ရွှေကဲ့သို့ တန်ဖိုးရှိချေပြီ။
လွန်ခဲ့သော လေးလ။ ရေခြားမြေခြားတွင် ဒေါက်တာ လင်းထက်သူနှင့် တွေ့ဆုံခဲ့သည်။ Professor မှ ချိတ်ပေးသော ဒေါက်တာ လင်းထက်သူမှာ အင်မတန် တော်သော ကင်ဆာ ပါရဂူ တစ်ယောက် ဖြစ်သည်။
ပုံမှန်ထက် ပျက်ယွင်းနေပြီဖြစ်သော အဆုတ်အကြောင်း သူတို့ အတန်ကြာ ဆွေးနွေးခဲ့ရသည်။ စီးကရက် သောက်ခြင်း၏ ဆိုးကျိုးများ ၊ နှစ်ပေါင်းများစွာ သယ်ထမ်းလာမိသော စိတ်ဖိစီးမှုများ ၊ တအုံ့နွေးနွေး ကြီးထွားနေသော ပင်ပန်းမှုများ စသည်တို့ကြောင့် သူ့မှာ အဆုတ်ကင်ဆာ ရောဂါ အဆင့်(၃) စွဲကပ်ခဲ့သည်။
ပြင်းထန်သော ကုသမှုများဖြင့် ဆွဲဆန့်ထားလျက်ရှိသော ဝိဉာည်ကလေးသည် သူ၏ နောက်ဆုံး ကောက်ရိုးမျှင်ကို အရ ဆုပ်ကိုင်ရန် မြန်မာပြည်သို့ ပြန်လာခဲ့သည်။
သို့ရာတွင် သူ သည်ကို ရောက်ပြီး တစ်လအကြာ၌ America က တစ်ဦးတည်းသော ဖခင်ဖြစ်သူမှာ လူကြီး ရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။ ထိုအခါ သူ၏ မာကျောသော စိတ်များမှာ ကစဉ့်ကရဲ ပြိုပျက် ချည့်နဲ့ခဲ့လေသည်။
ထို့အတူ ချစ်သူ၏ ခါးသီးမှုများကို အလူးအလဲ ခံနေရသော အချိန်ပင် ဖြစ်ပါတကား သူသည်တောကြီး မျက်မည်းအလယ်က မျက်မမြင်တစ်ဦးလို စမ်းတဝါးဝါး မှုန်ကွဲစွာဖြင့် ဤရောဂါကို တစ်ကိုယ်တည်း အားထုတ် ဖျက်ချေနေခဲ့ရသည်။
"ဝရုန်းလိုက်လာတယ်"
ကိုလင်း၏ စကားအဆုံးတွင် သူသည် နေရာမှ လှည့်ထွက်ကာ အခန်းထဲ ပြေးဝင်သွားခဲ့သည်။ ထပ်ကြပ်မကွာသော ခပ်ပါးပါး ခြေသံသည် သူ၏ မယုတ်မလွန် လှုပ်ရှားမှုများကို မြန်ဆန်စေသည်။
ချပ် ...
တံခါးကို ပိတ်ပြီးသည်နှင့် တစ်ဖက်နံရံတွင် အရိပ်တစ်ခု ကပ်လာသည်ကို ခံစားလိုက်မိသည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....