အပိုင်း-(၁၁)

14.9K 1.9K 103
                                    

(2013)

"ဟိတ်"

အတန်းဆင်းပြီးနောက် ကော်ရစ်တာတွင် လမ်းလျှောက်နေစဉ် နံဘေးသို့ ကပ်လာသည့် အရိပ်ဖြူလွလွ။ လှည့်ကြည့်လိုက်တော့ မနက်က ဤနေရာတွင် မတော်တဆ တိုက်မိခဲ့သော ထိုအမျိုးသမီးငယ် ဖြစ်နေသည်။

"အိမ်ပြန်တော့မလို့လား"

"ဟုတ်ကဲ့ဗျ"

"နာမည်က....ရှို့သံယာနော်"

ဘေးတစ်စောင်းလွယ်အိတ်ပန်းနုရောင်လေး၏ တစ်ဖက်ကြိုးကို ပင့်တင်ရင်း အမေးပြုလာသည်။

"ဘယ်လိုသိတာလဲဗျ"

"Top တွေထဲမှာ သံယာက အချောဆုံးလေ....စပါးတင်မှဲ့လေးနဲ့ ကောင်လေးကို သေသေချာချာမှတ်မိနေခဲ့တာ"

"ဪ...ဟုတ်"

ငဲ့ကြည့်၍ ပြုံးပြမိတော့ သူမက သွက်သွက်လက်လက်ဖြင့် စကားဆက်၏။

"ဒို့နာမည်က မေယုလွင်ပါ....ယုလို့ပဲ ခေါ်ပေါ့"

"ဟုတ်ပြီ...."

ဘာရယ်မဟုတ် ၊ ကော်ရစ်တာတလျှောက် နှစ်လျှောက်ယှဉ်၍ လမ်းလျှောက်လာရင်း စကားပြောဖြစ်ကြသည်။ မေယုလွင် က မန္တလေးမြို့၏ မြို့မျက်နှာဖုံးမိသားစုမှ သမီးအငယ်ဆုံးဖြစ်သည်။ မိဘက အလိုလိုက် အကြိုက်ဆောင်သော ရွှေဘုံစံ မင်းသမီးလေးဖြစ်သည့်တိုင်အောင် ဂျစ်ကန်ဆိုးပေမနေဘဲ လိမ္မာယဉ်ကျေးသည်။ ခေတ်ဆန်တတ်တာမှ လွဲ၍ ကလပ်နေတာမျိုးမရှိ။ ရည်ရွယ်ထားသူလည်း မရှိကြောင်း သံယာမမေးဘဲ ပြောထွက်လာသည့် သူမအကြောင်းများတွင် ရှာတွေ့နိုင်သည်။

"ဟိတ်...!"

သံယာ့အကြောင်းများပါ ပြန်လည်မိတ်ဆက်နေတုန်း ပုခုံးပေါ်သို့ ခပ်တင်းတင်းလာဖက်သည့် လက်တစ်ဖက်။ တင်းနေအောင် ဖက်ထားသူကြောင့် ထိုရင်ခွင်ကျယ်ထဲ သံယာဟာ အံဝင်တကျ။ တအံ့တသြနှင့် ငဲ့ကြည့်မိတော့ ထင်ထားသည့်လူပင်။

"ဘာဖြစ်လို့ လာဖက်ပြန်တာတုန်း"

စိတ်ပျက်လက်ပျက်မေးမိတော့ နံဘေးမှ ယု က မျက်လုံးလေးဝင့်၍ ဝရုန်းကိုသေချာလှမ်းကြည့်၏။

"ယု...ဒါကျွန်တော့်သူငယ်ချင်း ဝရုန်းသိုင်းမာန် တဲ့"

မျက်နှာကို ချီလျက် မထီဟန်ပြုနေသည့် ကောင်ဟာ တစ်ဖက်မှ မိန်းကလေးလှလေးကို မျက်လုံးဝေ့ကြည့်၍ ချက်ချင်း လွှဲသွားကာ ပီကေတဖောက်ဖောက်ဝါးနေ၏။

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now