အပိုင်း-(၁၆)

15K 1.8K 66
                                    

ခပ်ဖျော့ဖျော့ရောင်ခြည်နုသည် သူ့အား အိမ်မက်ဆိုးများဆီမှ ကုသပေး၏။ ပွင့်တစ်ချက် ၊ မပွင့်တစ်ချက်ဖြစ်နေသော မျက်တောင်စိပ်များကို လေညှင်းက သွေ့ဆော်လာသည်။ အိမ်မက်ရှည်တစ်ခုတွင် လွင့်မြောနေရာမှ လက်ရှိဘဝတွင် ပြန်အသက်ဝင်လာခဲ့သည်။ အိမ်မက်ထဲတွင် ဝရုန်းတစ်ယောက် သူ့နံဘေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ်ဆွဲဆုပ်လျက် အိမ်မက်အတိုင်းဖြစ်စေရန် ဆုတောင်းပြီး မျက်လွှာဖွင့်မိချေသည်။

မြင်လိုက်ရသည့် ပုံရိပ်ပါးပါးကြောင့် သံယာပြုံးရိပ်သန်းလိုက်သည်။ အမှန်တကယ်ကိုပင် ဝရုန်းက သူ့နံဘေးလှဲအိပ်လို့နေ၏။ ညလယ်က အနမ်းခရီးတွင် အနည်းငယ်ရုန်းကန်မှုရှိခဲ့သောကြောင့် ပုခုံးပေါ်အောင် ပြေလျော့နေသော ရှပ်စကို သေချာပြင်ဝတ်ပေးလိုက်သည်။ ထို့နောက် ကုတင်ထိပ်က မျက်မှန်ကို လှမ်းယူ၍ တပ်ဆင်ကာ မျက်နှာချင်းဆိုင်မှ အကြင်သူအား ရှုစားမိပါသည်။

နဖူးပေါ်လှန်တင်လေ့ရှိသော ဆံမျှင်အချို့က ကပိုကရို ပြိုကျလို့နေသည်။ ဆံချောင်းလေးများအဆုံးသတ်ထိစွန်းနေရာ မျက်ခုံးညိုများက အိပ်နေလျက်တောင် တွန့်ချို့ထားနိုင်သည်။ မရည်ရွယ်ပါဘဲ ခပ်ဖြောင့်ဖြောင့်နှာတံပေါ် လက်ချောင်းထိပ်ကျမိသည့်အခါ လူးလွန့်လာသူက နိုးတော့မည်ထင်။

ရဲတင်းမှုနှင့် တစ်ဆင့်တက်ကာ နမ်းရှိုက်ခဲ့သော နီဆွေးဆွေးနှုတ်ခမ်းကို လက်ညိုးထိပ်ဖြင့် ဖိကြည့်လိုက်သည်။

"ရှို့!"

အအိပ်ဆတ်သူက ယခင်အတိုင်း မျက်လုံးများဖျတ်ခနဲ ပွင့်လာသည်။ သံယာ့ကို မြင်တော့ သရဲတဘက်တစ်ကောင်လို ရုတ်တရက် ထဟန်ပြင်လာသောကြောင့် ရင်ထဲ ဆို့သွားမိ၏။ မကြာခင် မတ်မတ်ထိုင်တော့မည့် ကိုယ်ခန္ဓာကို လက်ဖျံမှ ဆွဲကိုင်၍ အိပ်ရာပေါ် ပြန်ဆောင့်ချကာ သူ့လက်မောင်းကို ဖိချူပ်လျက် အပေါ်သို့ အုပ်မိုးလိုက်သည်။

"မင်း ဘာလုပ်တာလဲ....ဖယ်"

"ဘယ်လိုဖြစ်လို့ အဲ့လောက်လန့်နေရတာလဲ? ငါကမင်းချစ်သူပါ"

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now