အပိုင်း-(၁၉)

14.6K 1.8K 158
                                    

တိတ်ဆိတ်နေသော အခန်းတွင်း သက်ပြင်းရှိုက်သံတို့က ကျယ်လောင်စွာ ပျံ့နှံ့နေသည်။

စာရွက်လှန်သံ ၊ ဘောပင်ခေါက်သံ နှင့် အသက်ရှုသံပြင်းပြင်းများကြားက အခန်းစောင့်ဆရာမနှစ်ယောက်၏ စကားစမြည်တို့ကလည်း ညံနေသည်။

မျက်နှာချင်းဆိုင် မဟုတ်တဲ့ မျက်စောင်းထိုးက သူတို့နှစ်ဦး။ တစ်ယောက်ကိုတစ်ယောက် ငေးမောခြင်းမပြုဘဲ စာကိုသာ အပြီးသတ်နေရသည်။

အောင်ရုံလေးဖြေပြီး ချစ်သူမျက်နှာကို မချိုမချဉ် ထိုင်ကြည့်နေချင်တာက အာသီသ။

သို့သော် အောင်မှတ်ကျော်အောင်ပင် မနည်းဖြေနေရသည့် ဝရုန်းမှာ အမှတ်ပြည့်နီးပါးဖြေပြီးတာတောင် မပြီးနိုင် ၊ မစီးနိုင် ပြန်စစ်နေသော သံယာနှင့်တော့ မတူ။

မောင်မင်းကြီးသားက ကျန်တဲ့အချိန်သာ တကပ်ကပ် ၊ စာမေးပွဲဖြေချိန်ဆို အမှားကင်းတဲ့သူ့စာကို ပြီးပြည့်စုံအောင် လုပ်နေတာနှင့် ဝရုန်းဖက်တောင် လှည့်မကြည့်အား။

"ရှို့..."

အသံတိုးတိုးလေးဖြစ်ပေမဲ့ နားပါးသူအဖို့ ရှင်းလင်းစွာ ကြားလိုက်ရသည်။ အနောက်မျက်စောင်းထိုးနေရာကို ငဲ့ကြည့်တော့ အရံသင့်အချက်ပြနေသူက ပြုံးဖြဲလို့။

ထို့နောက် သူမရတဲ့ အပုဒ်ကို မေးခွန်းစာရွက်မှာ ခပ်ကြီးကြီးရေးပြီး ထောင်ပြတော့သည်။

ကျစ်...ဒီကောင်ကတော့။

နံပါတ်ကြီး ပြူးအောင် ရေးပြထားတာတောင် အူကြောင်ကြောင် လုပ်နေသေးသည်။ ပြချင်တာလိုလို ၊ မပြချင်တာလိုလို။ နာရင်းတွေချည်း ချပစ်ချင်စိတ်က တိတ်တဆိတ်အခန်းထဲမှာ တအုံ့မှိုင်းမှိုင်းနဲ့။

"ကိုယ့်ဟာကိုယ်ဖြေ..."

"ဟာ...ရှို့"

ဆတ်ခနဲ ပြန်လှည့်သွားတဲ့ ခေါင်းလုံးလုံးက သူ့မျက်နှာကို တည်ထိုးသွားသလိုပါပဲ။ ဒီကောင် ဘယ်လိုလူမျိုးလဲ။ သူ့ရည်းစားဖြစ်တဲ့ ဝရုန်းကို စာတောင် မပြချင်တာ ၊ ဒီထက်ကြီးတဲ့ ကိစ္စတွေဆို မတွေးရဲပါလား။

အချိန်အားဖြင့် ဆယ့်ငါးမိနစ်သာ လိုတော့သည်။ ဒရောသောပါး တွက်ချက်မှုအရ ဒီတစ်ပုဒ်သာ သေချာရလျှင် အောင်မှတ်တော့ ကျော်ပါမည်။
အနားက ကျောင်းသားအချို့ကလည်း ရမည့်ပုံမပေါ်သလို အကူအညီကို သံယာ့ဆီကပဲ လိုချင်သည်။

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now