အပိုင်း-(၁၂)

14.5K 1.9K 83
                                    

"ငါမနက်ဖြန်ကျရင် ပြင်ဦးလွင်ခဏသွားမလို့"

"ဘာသွားလုပ်မှာလဲ"

ကြိုပြီး သတိပေးတာက သင်တန်းကို သူလာလို့ ဝရုန်းကို မတွေ့လျှင် အိမ်အထိလိုက်လာမှာစိုး၍သာ....။ ကားမောင်းရင်းနှင့် တစ်ဖက်လှည့်မေးလာတော့လည်း....

"ပြင်ဦးလွင်က သူငယ်ချင်းရဲ့ သင်တန်းအသစ်ဖွင့်ပွဲကို သွားရင်း မြေကွက်နည်းနည်းပါးပါးကြည့်မလို့...."

"ဘယ်သူငယ်ချင်းလဲ"

စစ်စစ်ပေါက်ပေါက်မေးနေပုံက ကားမောင်းမပျက်။ ဖြေချင်စိတ်ရှိသေးတာမို့....

"Grammar ဆရာတစ်ယောက်ပါ....MIT final year မှာ သိတာ"

"ဪ....ငါလည်း လိုက်ခဲ့မယ်လေ"

"ဘာလိုက်လုပ်မှာလဲ....ငါတို့ဆရာတွေချည်းပဲ သွားမှာ ၊ မလိုက်နဲ့"

ကားပြတင်းပြင်က လမ်းဘေးများကို ငေးကြည့်ရင်း ငြင်းဆိုသည်။ ဝရုန်းက သူ့ကို အရှုပ်ထုပ်လို့ မြင်နေပုံပါပဲ။

"မရဘူး....လိုက်ချင်တယ်၊ စိတ်မချဘူး"

"ဘာစိတ်မချစရာရှိလဲ၊ ယောက်ျားတွေချည်းပဲ"

"ယောက်ျားတွေကိုပဲ စိတ်မချတာ...."

"ရှို့သံယာ!!!!"

ဖျတ်ခနဲ လှည့်ကြည့်လာသော မျက်ဝန်းများက မီးဝင်းဝင်းတောက်လို့နေသည်။ သဝန်တိုစိတ်ကြောင့် ပြောလိုက်မိတဲ့ စကားအမှားဟာ ဝရုန်းရဲ့ ယောက်ျားသိက္ခာကို ထိခိုက်သွားပုံပဲ။

"အင်းပါ....မလိုက်တော့ဘူးနော်၊ စိတ်မဆိုးနဲ့"

ရှေ့တည့်တည့်ကို ကြည့်မောင်းနေရင်း သူ့ဆီမလှည့်ဘဲ တိုးဖျော့ဖျော့ချော့ကာမှ ပြတင်းပေါက်ဖက်သို့ ပြန်လှည့်သွားတော့၏။

"ဆယ်ကျော်သက်အရွယ်မှာ သစ္စာမဲ့ခဲ့တဲ့ကောင်ကလွဲပြီး ငါဘယ်ယောက်ျားကိုမှ မကြိုက်ဖူးဘူး"

"......"

ဝရုန်းနဲ့ စကားနှာ ထိုးဖို့လည်း အင်အားမရှိတာမို့ ဦးတည်သော နေရာကိုသာ အရှိန်တင်မောင်းနေမိသည်။ အင်း....ဝရုန်းသိုင်းမာန်ရဲ့ ရာဇဝင်မှာ ရှို့သံယာက သစ္စာဖောက်ကောင်အပြင် ဘာဖြစ်အုံးမှာလဲ?

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now