အဖြူရောင်တိမ်တိုက်တွေ သူ့ အပါး ပြေးလွှာနေသည်။
သူ့ မျက်ဝန်းတွေက မှိုင်းညိုနေသည်။
သူ့ နှလုံးသားက နာကျင်နေသည်။
ဤကွဲအက်မှုများဖြင့် သူ မြန်မာပြည်ကို စွန့်ခွာခဲ့ပြီ။
"သံယာ ... "
သူမ၏ အသံက သူ့နားတွင်း အေးစက်နေသည်။ သံယာ သူမကို ခေါင်းလှည့်ကြည့်လိုက်သည်။ သူမက လဲ့လဲ့ကလေး ပြုံးသည်။ ထိုအပြုံးတွင် ကြေကွဲရိပ်တို့ စွန်းထင်းနေသည်။
"နင်မပျော်ဘူးလားဟင်?"
သံယာက မချိပြုံးပြုံးသည်။
"မေးရက်လိုက်တာ ယုရယ် ... မေးရက်လိုက်တာ"
"ငါ တောင်းပန်ပါတယ် ... ငါလဲ ဒယ်ဒီကြောင့် လက်ခံလိုက်ရတာပါ ... သဘောတူထားတဲ့အတိုင်း သုံးနှစ်နေရင် ငါတို့လွတ်လပ်ပြီ ... အဲ့ကျရင် ငါ မာန့်ကို ကူရှင်းပြပေးမှာပေါ့"
"နင် ဘယ်တုန်းကတည်းက သိနေတာလဲ?"
"ကြာပါပြီ .... ဒုတိယနှစ်စလောက်ကတည်းက ရိပ်မိတာ ၊ ငါလဲ စိတ်မကောင်းဘူးဟာ"
သူ ယုကို မျက်နှာလွှဲ၍ ပြတင်းပေါက်ထံ ငေးမိသည်။ သူသည် အသက်မဲ့သော သတ္တဝါတစ်ကောင်နှယ် ဖြစ်နေသည်။ သူ့ နှလုံးသား တစ်ခုလုံး တစ်စပြီး တစ်စ ပဲ့ကျနေသကဲ့သို့ အောင့်အောင့်သည်းသည်း နာကျင်နေသည်။ ဝရုန်းမပါသော အနာဂတ်ကို တွေးပြီး သူ့ရင်၌ ပင်ပန်းလှိုက်မောနေသည်။
ခက်ခဲသည်။ မင်းမရှိတဲ့ ဘဝ တွေးကြည့်ရုံနှင့် ခက်ခဲသည်။
ယုက လေယာဉ်မယ် လာချပေးသော ကော်ဖီကို သံယာ့အတွက် အအေးခံပေးနေသည်။ သံယာ၏ အဖြူရောင်ရှပ်ဝတ်ကျောပြင်က နာကျင်မှုဖြင့် ပြဲစုတ်နေသည်ဟု သူမ မျက်လုံးထဲ မြင်သည်။ သူမ ချစ်သော သူ၏ အနာက သူမ၏ အနာ နှင့် တစ်ထပ်တည်း ညီတူကျသည်။ ပိုင်ဆိုင်ရသဖြင့် မည်သည့် အကျိုးအမြတ်မှ ရမည်မဟုတ်မှန်း သူမ ကောင်းစွာ နားလည်သည်။ သို့တိုင်အောင် ဘဝတွင် ပထမဆုံး နှင့် နောက်ဆုံးကြိမ် အဖြစ် သူမ အတ္တကြီးလိုသည်။ သူမကို မချစ်သော သံယာ့အား ယုယုယယ ချစ်ပေးချင်သည်။ ဤအခန်းတွင် သံယာ သူမကို ပြန်ချစ်ရန် မလိုဟု ကြိုတင်ယူဆထားသည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....