အပိုင်း-(၃၀)

16.6K 1.7K 112
                                    

ခြောက်သွေ့သော ဆံစများသည် ဂျုတ်၏ အသွားတွင် ကပ်ပါပြီး ဖြန့်ထားသော အခင်းဖြူပေါ်သို့ ပြိုကျကုန်ကြ၏။

ကင်ဆာဆေးကြောင့် ဆံပင်များ တစ်မျှင်မျှ မကျန်မီ ရုန်း၏ လက်ဆဖြင့်သာ အကုန်ပြောင်ချင်သည်ဟု ဆိုသည်။ ခေါင်းရိတ်ခြင်းကို အပြီးသတ်ပြီးသော် သံယာ၏ ခေါင်းတွင် ဦးရေ စိမ်းမြမြက ထင်းထင်းပေါ်လာ၏။

ဝရုန်းသည် ထိုဦးရေအား လေတစ်ချက် ဝေ့လျှင်ပင် ပဲ့ကြွေတော့မည့်အလား ဖွဖွ ယွယွ ထိတွေ့ကြည့်သည်။ နဖူးထိပ်တွင် နှစ်ဖက်ခွ၍ ဖြာကျနေသည့် ဆံတန်းမျှင်များ မရှိတော့။ အားလုံးကို ခြုံးအုပ်ထားသည့် အရောင်မှိုင်းမှိုင်း ဆံအုပ်လုံးကလေး မရှိတော့။ သို့တိုင်အောင် သံယာသည် သူ့အမြင်၌ ဂန္တဝင်ဆန်စွာ တင့်တယ်နေဆဲ ဖြစ်သည်။

"ငါရုပ်ဆိုးသွားပြီထင်တယ်"

သံယာသည် ဘေးမှာ အသင့်ရှိသော ခေါင်းစွပ်အညိုလေးကို ဆွဲယူပြီး သူ့ ခေါင်းတွင် တပ်ဆင်တော့သည်။ ထိုအပြုကို ကြည့်ပြီး အားမပါသော ရယ်သံသည် ဝရုန်းဆီမှ ပေါ်လာ၏။

"ဒီလောက် ချစ်ဖို့ကောင်းတာကို .. ရှက်နေတယ်"

ကုတင်ပေါ်ရှိ သံယာ့ကို စောင်သေချာ ခြုံပေးပြီးနောက် သူသည် ဂျုတ်နှင့် ပိတ်စကို မယူကာ ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ အထဲရောက်သည်နှင့် ပိတ်စထဲကို ချည်ထုံးဖွဲ့ကာ အသာအယာ ခေါက်သည်။ ဆံပင် တစ်မျှင်မှ ထွက်ကျမလာစေရန် တယုတယ ထုပ်ပြီးမှ ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားလိုက်သည်။

ခန္ဓာ၏ မမြဲတော့မည့် အဖြစ်ကို သိသည်။ လက်ခံထားပါသည်။ သို့တိုင်အောင် သံယာ့ဆီမှ ဖြစ်သော အစအနလေးများကို သက်ဆုံးတိုင် သိမ်းဆည်းနိုင်ဖို့ အခွင့် သူ့မှာ ရှိသည်။

သံယာ၏ မျက်တောင်ကလေး သက်ဝင်သည်ကစ၍ ကျန်ရှိသမျှ အငွေ့အသက်အဆုံးမှာ သူ့ နှလုံးသား၏ မြေသြဇာများပင် ဖြစ်လေသည်။

လက်ကို သေချာဆေးပြီး ရေချိုးခန်း အပြင်သို့ထွက်စဉ် ဧည့်သည်တစ်ဦးမှာ သံယာ၏ ဘေးတွင် ရောက်ရှိနေသည်ကို တွေ့ရသည်။

အံ့သြမှုဖြင့် သူ့မျက်ဝန်းများ ဝန်းဝိုင်းသွားကြသည်။

"ကိုကို .."

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now