အပိုင်း-(၁၄)

14.4K 1.9K 82
                                    

(2014)

ခြင်မရှိသော ခပ်စိမ့်စိမ့်အခန်းဝယ် ဟိုလူးဒီလှိမ့်ဖြင့် အိပ်ပျော်အောင် မနည်းကြိုးစားနေရသည်။ ပြဿနာကား နေရာထိုင်ခင်းမဟုတ်...စိတ် ၊ ဟုတ်သည် စိတ်သာ။ သူစိမ်းယောက်ျားလေးတစ်ယောက်နှင့် တစ်ကုတင်ထဲ အိပ်ဖူးသည့် ပထမဆုံးအချိန်က ပိုဆိုးလှသည်မှာ ထိုသူစိမ်းဟာ ရှို့သံယာဖြစ်နေသည်။ တစ်ယောက်နှင့် တစ်ယောက် ကျောပေးထားသော်လည်း အိပ်မပျော်ကြတာ အသီးသီးသိလိမ့်မည်။

မနေနိုင်စွာဖြင့် ကျောပေးထားသူဖက် ကိုယ်ကိုလှည့်ကာ အိပ်ရန်ကြံရွယ်မိသည်။ မြင်လိုက်ရသည့် တစ်ဖက်က ကျောပြင်ကျယ်ကျယ်ဖြစ်နေသောကြောင့် စိတ်သက်သာရာရသွား၏။

အချင်းချင်းဆေးထည့်ပေးပြီး ခဏအကြာ သံယာက တီမြကို အောက်ဆင်း၍ သွားပြောဟန်ရှိသည်။ ဆူပူကြိမ်းမောင်းသံအချို့ကြားရသဖြင့် ဝရုန်းစိတ်မကောင်း။ သံယာအပေါ်ပြန်တက်လာပြီးနောက်တွင်တော့ ဝရုန်း၏ အိမ်ကိုဖုန်းဆက်ကာ စာလုပ်စရာရှိ၍ သံယာ့ဆီ အိပ်သည်ဟု အကြောင်းကြားကြသည်။ ထို့နောက် အိပ်ချိန်တန်လာပြီး နှစ်ယောက်သား ကုတင်ပေါ်တက်အိပ်နေခြင်းသာ....ထိုမျှပင်။

"အိပ်မပျော်ဘူးလား"

ကျောပေးထားသူမှ ထွက်လာသော အသံ။ မိမိက သူ့ကျောကို ငေးနေသူဖြစ်သည့်အတွက် သူခိုးလူမိသလို ဆတ်ခနဲ တုန်သွားမိသည်။

"အေး..."

အဖြေပေးပြီးသည့်နောက် သံယာက ကျောပေးနေရာမှ ရှေ့တည့်တည့်သို့ လှည့်လာသည်။ ထို့နောက် ဝရုန်းဖက်လှည့်ကာ....

"......."

ပြုံးပြလာသည်။ နှုတ်ခမ်းထက်က စပါးတင်မှည့်လေး ရွေ့သွားအောင်ထိကို နှစ်ခြိုက်စွာ ပြုံးပြလာသည်။

"ငါတို့ ဇာတ်ကားကြည့်ကြမလား"

ဝရုန်းခေါင်းညိမ့်လိုက်မိသည်ထင်၏။ သံယာက ကုတင်ပေါ်မှ ထဆင်းကာ အရှေ့ TV စင်အောက်မှ အခွေချပ်တွေ စီထားသော ခြင်းအပြာလေးကို မ,ယူလာသည်။ ထို့နောက် ကုတင်ပေါ်တက်ကာ ထထိုင်လာသော ဝရုန်းနှင့်သူ့အကြားသို့ ထိုခြင်းကို အသာချပြီး...

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now