(2013)
"ဟူး....."
အသွားယာဉ်များ ထားရပ်သည့်နေရာဟု ယူဆမိသည့် တက္ကသိုလ်ဝန်း၏ အရှေ့Platformနေရာတွင် ဆိုင်ကယ်လေးကို ထိုးဆိုက်လိုက်သည်။ များပြားလှသော ယာဉ်များက ပြည့်ကြပ်နေသော်လည်း သူ့နေရာနှင့်သူ စနစ်တကျရပ်တန့်ထား၏။ ဆိုင်ကယ်ကိုရပ် ၊ ထောက်ကိုထောက်ရင်း မျက်လုံးကို ဝေ့အကြည့်မိ....
"ဟင်..."
မိမိဆိုင်ကယ်ဘေးတွင် ဝရုန်းသိုင်းမာန်၏ ဆိုင်ကယ်ပါလား။ ဪ...ကံနှယ် ။ ဒီကောင်နှင့် ဆိုင်ကယ်ရပ်တာက စ မလွတ်ကင်း။
"ဒီကောင်တောင် စောစောရောက်လို့ပါလား"
တက္ကသိုလ်တက်ရမည့် ပထမဆုံးနေ့မို့ထင်ပါ၏။ မနက်ခင်းကတည်းက စောစောထ၍ ဆိုင်ကယ်တစ်စီးဖြင့် ထွက်သွားကြောင်း အိမ်ထဲမှ မြင်လိုက်ရသည်။
တက္ကသိုလ်ကျောင်းသားဖြစ်ပြီဟူသော ဘဝင်လေးဖြင့် အသစ်ဝယ်ထားသော ကျောပိုးအိတ်အဖြူလေး၏ ကြိုးနှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆွဲကပ်ကာ ဝန်းထဲသို့ ဇောက်ကြွားကြွားလျှောက်လာဖြစ်သည်။ MIT ကျောင်းသားဖြစ်သည့်အတွက် Uniform အဖြူနှင့် အပြာ ကို သပ်ရပ်စွာ ဝတ်ဆင်လို့ အလယ်ခွဲထားသော ဆံပင်မှ ခပ်ငိုက်ငိုက် ဆံမျှင်များကိုလည်း သေချာပုံသွင်းခဲ့သည်။ သန့်ပြန့်၍ ဖြူဆွတ်နေသော အရပ်မြင့်မြင့်ကောင်လေးက မြင်ကွင်းထဲ ထင်းလင်းနေသည့်အတွက် လည်ပြန်ငေးကြသည့် ကျောင်းသူလေးများက တသောသော။
မေမေပြောထားသော အခန်းကို လိုက်လံကြည့်ရှု ရှာဖွေရင်း ကျောင်းပတ်နေမိသည်။ ပထမဆုံးရက်ဖြစ်သော်လည်း မြို့ကြီးသားပီပီ ကြောက်ရွံခြင်း ရှိမနေ။
ဝုန်း....
"အမယ်လေး"
သေချာသွားသော အခန်းဆီသို့ ချိုးကွေ့ဝင်လိုက်သည့်အခါ ကော်ရစ်တာထောင့်မှ ဘွားခနဲပေါ်လာသော အမျိုးသမီးငယ်....နှစ်ယောက်သားအရှိန်ဖြင့် တိုက်မိကြသဖြင့် ကောင်မလေးလက်ထဲမှ စာအုပ်အချို့ကြမ်းပြင်ပေါ်သို့ ဖရိုဖရဲ ပြုတ်ကျကုန်၏။
"တောင်းပန်ပါတယ်ဗျ"
သံယာ့အမှားသာဖြစ်သည်မို့ ဒူးထောက်ထိုင်ချလိုက်ကာ စာအုပ်များကောက်ယူနေသော သူမကို ကူပေးလိုက်သည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....