လူဆိုးလေးရဲ့ချစ်ခြင်း(extra)

7.2K 327 6
                                    

'မာမီ မာမီ'

မိုးလင်းမျက်လုံး၂လုံးဖွင့်တည်းကရှင်းဘုန်းပိုင်တစ်ယောက် အမေဖြစ်သူနားမှာတဝဲလည်လည်
မီးဖိုချောင်ထဲမှာလည်းတဝဲလည်လည်
အဝတ်လျှော်စက်နားမှာလည်းတဝဲလည်လည်
အိမ်သန့်ရှင်းရေးလုပ်နေတဲ့နားမှာလည်းတဝဲလည်လည်

မင်းနားမှာလိပ်ပြာတွေဝဲတာထက်
ဒီပိုးတုံးလုံးအသေးစားလေးက ပိုအခြေအနေဆိုးတယ်

'ကဲ သားသားရေ မာမီ အလုပ်ရှုပ်နေတယ် သွား အိမ်ပေါ်မှာသွားဆော့ ဘာလဲ ဗိုက်ဆာလို့လား'

'ဟုတ်ဘူး ဟုတ်ဘူး'
ခေါင်းကိုဘယ်ညာခါပြတော့ ပါးအစ်အစ်ကြီး၂ခုဟာလည်း သူ့ထက်ငါအပြိုင်ဟိုယိမ်းဒီယိမ်း

'မာမီ မာမီ'

'အင်း'

ရှင်းမေမေဟာလှည့်မကြည့်နိုင်သေး တံမြက်စည်းတစ်ချောင်းနဲ့အမှိုက်လှည်းလို့ကောင်းတုန်း

ကိစ္စမရှိပါဘူး မျောက်လောင်းလေးက သူ့အမေမျက်စိရှေ့ကိုယ်တိုင်အရောက်သွားကာ လက်ထဲကကျောပိုးအိတ်အသစ်အဝါနုနုဖပ်ဖပ်လေးကိုထိုးပြလေသည်

'သားသား ဘယ်ကနေယူလာတာတုန်း မာမီသိမ်းထားတာကို'

မာမီကလည်း သူလည်းလွယ်မှာဟုတ်ပဲနဲ့

'သားလွယ်ချင်လို့'

အဝါရောင်ကျောပိုးအိတ်လေးက သူ့ရဲ့အသစ်စက်စက်မွေးနေ့လက်ဆောင်လေး
ကျောပိုးအိတ်တစ်ပြင်လုံးမှာ အရုပ်လေးတွေအသီးပုံstickerလေးတွေအများကြီးနဲ့ အို သိပ်သိပ်လှ သိပ်သိပ်သဘောကျ

'ဪ သားသားကလည်း မာမီကသားငယ်သေးလို့ ပေးမလွယ်သေးတာလေ'

မျောက်လောင်းလေးကိုသာဒီကျောပိုးအိတ်လေးတစ်ရက်ပေးလွယ်မိရင် ကျောင်းကပြန်လာတဲ့အခါ အရုပ်လေးတွေအိမ်ပြန်လာခွင့်မဲ့သွားမယ်ဆိုတာ ရှင်းမေမေကသိနေသည်လေ သူ့သားငယ်အကြောင်း

'ဟင့်အင်း ရဘူး လုပ်ပါနော် သားသားလွယ်ချင်လို့ပါ နော် မာမီနော် နော် please'
Eng summer schoolတက်ထားတဲ့ငရှင်းလေးက ဘိုလိုလေးထည့်မှုတ်ဖို့လည်းမေ့မနေခဲ့ဘူး

'Mommy please!I want it...please'
ပလိစ် ပလိစ်နဲ့ ငှက်ပေါက်လေးလိုတကျိကျိလုပ်နေတဲ့အခါ ရှင်းမေမေဟာလက်မြှောက်အရှုံးပေးလိုက်ရတော့သည်

『Loving My Best Friend』Where stories live. Discover now