LMBF(21)

12.4K 1K 38
                                    

'လွန်းငယ်'

'အင်း'

'မအိပ်သေးဘူးလား'

လွန်းငယ်စားပွဲတင်နာရီကိုတစ်ချက်ကြည့်လိုက်တော့ ၁၁ခွဲပြီး၁၅မိနစ်
လက်ထဲကမှင်နီဘောပင်ကိုချကာ ဘေးနားမှာထိုင်နေတဲ့ရှင်းဘက်ကိုလှည့်ကြည့်လိုက်လေသည်

'သွားအိပ်နှင့်ပါလားရှင်း အရမ်းအိပ်ချင်နေတယ်မလား ငါဒီစာတွေအပြီးခြစ်ရမှာ'

မျက်တောင်တွေမှေးစင်းကာ အိပ်ချင်နေမှန်းသိသာနေပေမဲ့ ရှင်းဟာသူ့ဘေးမှာပေတေပြီးထိုင်နေဆဲ

'ငါအိပ်ရင် မင်းတစ်ယောက်တည်းဖြစ်သွားမှာပေါ့ ဝါး'

တဝါးဝါးသမ်းကာပြောလာတဲ့သူ့စကားကြောင့် လွန်းငယ်ပြုံးလိုက်မိသည်
ကျွန်တော့်ချစ်သူ အင်း ကျွန်တော့်ချစ်သူသည် ချစ်ဖို့ကောင်းသောစကားကိုသိပ်ဆိုတတ်၏

'အင်း အဲ့ဒါဆိုလည်း'

လွန်းငယ် အမှတ်ခြစ်ဖို့ကျန်နေတဲ့စာရွက်လေးတွေကိုတစ်ချက်ကြည့်လိုက်ပြီး

'လာ သွားအိပ်ကြမယ် ငါမနက်မှစောစောထခြစ်တော့မယ် မင်းအိပ်ချင်နေပြီမလား'

စာအုပ်ထုပ်ကိုအိတ်ထဲပြန်ထည့်ကာသိမ်းနေရင်းကနေ လွန်းငယ်ဆိုလိုက်လေသည်

'အင်း'

မျက်လုံးတစ်ဖက်ကိုပွတ်သပ်ကာ ခေါင်းငြိမ့်တဲ့အခါ အသည်းယားစွာနဲ့သူ့ဆံပင်တွေကိုဆွဲဖွလိုက်မိတော့သည်
အိပ်ချင်နေတဲ့ ဝက်ဝံလေးသည် တကယ်ကိုသိပ်ချစ်ဖို့ကောင်းတာ ဘယ်သူများသိပါလေစ

'ရော့'

'ဘာလဲ'

'ကိုယ့်ဘာသာဖွင့်ကြည့်ပေါ့ ရော့'

လက်ထဲကိုထည့်ပေးလာတဲ့ ဘူးငယ်လေးကိုယူကာ လွန်းငယ်ဖွင့်ကြည့်လိုက်လေသည်

'ကြိုက်လား'

ဘူးငယ်လေးထဲမှာ ကျနစွာပင် လက်ပတ်နာရီလေးကနေရာယူလျက်

'ရှင်း ဒါ'

'မင်းဖို့လေ ပေး ငါဝတ်ပေးမယ်'

နာရီဘူးထဲက အညိုရင့်ရောင်လက်ပတ်နာရီလေးကိုယူရင်း လက်တစ်ဖက်ကိုဆွဲကိုင်လာလေပြန်တဲ့ရှင်း

『Loving My Best Friend』Where stories live. Discover now