LMBF(16)

11.4K 996 38
                                    

~စည်းမစောင့်သလိုဖြစ်သွားသလား
မြိုသိပ်နိုင်စွမ်းမရှိလို့ပါ
သတ္တိရှိလို့ရှေ့တိုးတာမဟုတ်ရပါ
နင်နားလည်မှာပါ
မနေနိုင်လွန်းလို့အရဲစွန့်ပြောမိတာပါ
နင်ပြန်ပေးတဲ့ဆုက အမုန်းတစ်ခုပဲလား
နေ့တိုင်းနင်မသိဘဲရူးခဲ့တာ
သူငယ်ချင်းမို့ချစ်သူမဖြစ်တော့ဘူးတဲ့လား
အနေကြာလာတော့စိတ်ကမရိုးသားလာ
နင်ဟာကြိုးချင်းငြိဖို့လမ်းပြသူပါ
မြတ်နိုးစွာချစ်တယ်လို့ ဖွင့်ပြောမိတဲ့ငါ့အဖြစ်ကို
မတန်ဘူးလို့ပြောကာ စွန့်ပစ်ခဲ့လေသလား~

နားကြပ်ကိုဆွဲဖြုတ်လိုက်ကာ messengerထဲကိုဝင်လိုက်သည် ထိပ်ဆုံးမှာနေရာယူထားတဲ့တစ်ဦးတည်းသောသူကတော့activeမဖြစ်ခဲ့တာကြာပြီ

အဟက် စာဂျပိုးကောင်ကစာပဲလုပ်နေမှာပေါ့ ငါလွမ်းနေတယ်ဆိုတာကိုတွေးမိမှာတောင်မဟုတ်ဘဲနဲ့
Internetကိုပိတ်ကာ ကုတင်ပေါ်မှာလှဲချလိုက်သည်
စာမေးပွဲဖင်နားကပ်နေမှန်းသိပေမဲ့လည်း ပြန့်လွင့်နေတဲ့စိတ်အစုံသည်ထိုလူသားထံသို့ဦးတည်နေ၏

'သားသား'
အမေဖြစ်သူရဲ့အသံကြောင့် မြတ်မင်းမာန် ပိတ်ထားတာမကြာသေးတဲ့မျက်လုံးတွေကိုဖွင့်လိုက်လေသည်

'သားသား ဆရာလေးလာတော့မယ်လေ ထပြီးမျက်နှာလေးဘာလေးသစ် အိပ်မနေတော့နဲ့'
ခေါင်းတစ်ချက်ငြိမ့်ကာ ရေချိုးခန်းသို့ဦးတည်လိုက်လေသည်
တစ်ခါတလေတော့လည်းသိချင်မိသား စာမှစာဖြစ်နေတဲ့မင်းသာ ငါစာမေးပွဲကျမယ်ဆို ဘယ်လိုများနေမလဲလို့

'ဪ သားသား လာလာ ဒီမှာလေ သားသားကိုစာပြပေးမယ့်ဆရာလေး တီချယ်နေနေပြောတဲ့ဆရာလေးလေ'
ရေချိုးခန်းထဲကထွက်လိုက်သည်နှင့် စာကြည့်စားပွဲခုံပေါ်မှာထိုင်နေတဲ့ ဆရာဖြစ်သူရယ် ဘေးမှာရပ်နေတဲ့အမေဖြစ်သူရယ်ကိုတွေ့လိုက်ရသည်

'ဆရာလေး သားသားပြောစကားနားမထောင်ရင် အပြစ်သာပေး ရတယ်နော်'
ခပ်ပြုံးပြုံးပင်ပြောလာတဲ့အန်တီကြီးကြောင့် လွန်းငယ်ပြုံးရင်းခေါင်းငြိမ့်ပြလိုက်လေသည်

'ဒါဆို ကျွန်မအောက်သွားလိုက်ဦးမယ် ဆရာလေး ကော်ဖီကြိုက်လားမသိဘူး'

『Loving My Best Friend』Tempat cerita menjadi hidup. Temukan sekarang