LMBF(9)

12.2K 1.2K 44
                                    

'လွန်းငယ်'
ကြားလိုက်ရတဲ့အသံကြောင့် လွန်းငယ်အနောက်ကိုလှည့်ကြည့်လိုက်လေသည်

'ကိုရှင်း'
လမ်းဘေးကမီးရောင်ဝါကျင့်ကျင့်ဓာတ်တိုင်အောက်မှာမတ်တပ်ရပ်နေတဲ့သူက ကျွန်တော့်ဆီလျှောက်လာလေသည်
ကျစ်!လွန်းမာန်ခန့် ဘာတွေတွေးနေမိလို့ရှင်းအရှေ့ကနေဖြတ်လာခဲ့တာတောင်မသိရတာလဲ

'အင်း ဘာတွေဝယ်လာတာလဲ'
သူကကျွန်တော့်လက်ထဲကအိတ်အမည်းကိုတစ်ချက်ကြည့်ရင်းမေးလာလေတာကြောင့်

'အာ ငါညစာချက်ဖို့အတွက် အရွက်နဲ့အသားနည်းနည်းဝယ်လာတာ'

'ဟုတ်လား ငါဗိုက်ဆာနေတာ ငါ့ကိုရောညစာကျွေးပါလား'
တကယ်ဗိုက်ဆာနေတဲ့ပုံ သွားအဖြီးသားနဲ့ပြောလာတဲ့ကိုရှင်းကိုသူငေါက်လိုက်ချင်သည် ဗိုက်ဆာနေတာကိုတစ်ခုခုသွားမစားဘဲနဲ့ ဒီဓာတ်တိုင်အောက်မှာမတ်တပ်ရပ်နေရတယ်လို့ အရူး အဆာလွန်ပြီးဗိုက်အောင့်ရင်ဘယ်လိုလုပ်မလဲ

'ဘာလဲငါ့ကိုမကျွေးချင်ဘူးလားဘာမှလည်းပြန်မပြောဘူး'

'ဟာ မဟုတ်ပါဘူး ငါအတွေးလွန်သွားလို့ပါ'
လွန်းငယ်ခေါင်းလေးငုံ့ကာမလုံမလဲနဲ့ဖြေလိုက်မိသည်

'ဘာလဲငါအများကြီးစားရင်မင်းစားဖို့မရှိတော့မှာစိုးလို့လား'

'ဟာမဟုတ်တာကိုရှင်းရာ ဘာတွေလျှောက်ပြောနေတာလဲ'
တိတ်ဆိတ်နေတဲ့လမ်းကြားလေးထဲမှာလွန်းငယ်ရဲ့အသံလေးကသာစိုးမိုးသွားသည် မရည်ရွယ်ဘဲနဲ့အော်လိုက်ပြီးမှ လွန်းငယ်​​ခေါင်းလေးငုံ့ကာကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမိသည် ရှင်းတော့တစ်မျိုးထင်သွားတော့မှာပဲ

'ဟား အဲ့ခေါင်းကြီးကဘာလို့ငုံ့သွားတာလဲ ငါကငါ့ရဲ့စွာကျယ်လေးကိုလွမ်းလို့စမိတာပါ'
လွမ်းတယ်မင်းက အတိတ်ကငါ့ကိုလေ

'ငါဘယ်တုန်းကစွာကျယ်လုပ်ဖူးလို့လဲ'
ထွက်လာတဲ့အသံကတိုးလျလျ
ကျစ်!လွန်းမာန်ခန့်ရာ ရှင်းရှေ့မှာအရင်လိုသူငယ်ချင်းပုံစံနေမယ်ဆိုပြီးအခုအသံကဘာဖြစ်ပြန်တာလဲ ကိုယ့်ကိုယ်ကိုယ်အားမရစွာသူတွေးလိုက်မိသည်

'စတာပါကွာ ငါ့ရဲ့လွန်းငယ်လေးကရေခဲတုံးလေးမှန်းငါသိပါတယ် ငါကဒီတိုင်းအရင်တုန်းကငါ့ကိုဆူနေကျမင်းရဲ့အသံစွာစွာလေးကိုလွမ်းမိလို့ပါကွာ'

『Loving My Best Friend』Where stories live. Discover now