'ပြုံးပါဦးကွာ ငါစိတ်မကောင်းအောင်လို့'
ကုတင်ပေါ်မှာမျက်နှာချင်းဆိုင်လှဲနေရင်းကပါးကိုခပ်ဖွဖွပွတ်သပ်ကာပြောလာတဲ့ရှင်းရဲ့စကားကြောင့်သူမအီမသာမပြုံးချင်ပြုံးချင်နဲ့မပီမပြင်အပြုံးတစ်ခုကိုချိတ်ဆွဲလိုက်မိသည်
'ငါလည်းဒီမှာပဲမင်းနဲ့နေချင်တာပါ ဒါပေမဲ့'
'ရှင်းပြစရာမလိုပါဘူးရှင်းရာ ငါနားလည်ပါတယ် အန်တီနွယ်တို့ဒီပြန်လာတော့မယ်ဆိုတော့မင်းအတွက်ပိုကောင်းတာပေါ့ ပြီးတော့ဒီနေရာကမင်းအလုပ်နဲ့လည်းဝေးတယ် ငါစိတ်မချဖြစ်နေရတာ အခုအဆင်ပြေသွားတာပေါ့'
လွန်းငယ် နှုတ်ခမ်းကိုခပ်ဖွဖွကိုက်လိုက်မိသည်
တစ်ခါ တစ်ခါ မိမိစိတ်ကိုထိန်းချုပ်ရခြင်းသည် ခက်ခဲလှသည်'အရူး ငါနဲ့ခွဲနေရတာကို အဆင်ပြေတယ်တဲ့လား'
'သိရဲ့သားနဲ့ အပိုတွေမပြောနဲ့ရှင်းရာ'
'လာပါဦး ငါ့ကောင်လေးကိုပွေ့ဖက်ရအောင်'
လက်၂ဖက်ကိုဆန့်တန်းကာရင်ခွင်ထဲကိုခေါ်လိုက်တော့ အလိုက်သိတဲ့ကောင်ငယ်လေးဟာ ရင်ခွင်ထဲသို့တန်းတန်းမတ်မတ် ရောက်ရှိလို့လာလေသည်
ငါ့ရဲ့ကိုယ်ပိုင်သက်ရှိအနွေးအိတ်လေး'ငါ့ကို'
အတန်ကြာမှခပ်တိုးတိုးထွက်လာတဲ့အသံငယ်ကြောင့် ရင်ခွင်ထဲကသမင်ပေါက်ကိုငုံ့ကြည့်ဖို့အရေး မှေးမှိတ်ထားတဲ့ငိုက်မြည်းစမျက်လုံးအစုံကိုဖွင့်ဟလိုက်သည်
'လွမ်းမှာလား'
တကယ့်ကိုတိုးတိုးလေးထွက်လာတဲ့အသံလေးဟာ ငါ့အသည်းကိုများခြွေဖို့ မင်းတမင်တကာဖန်တီးနေတာများလား
'လွမ်းစေချင်တာလား'
'ရှင်း!'
'ဟုတ်တယ်လေ ငါမင်းလွမ်းစေချင်ရင်လွမ်းပေးမလို့မေးတာလေကွာ'
'အရူးကောင်!တော်ကွာ မင်းကိုမလွမ်းဘူး အဲ့မှာမလွမ်းနဲ့ လူဆိုးကောင်'
'ရော စွပ်စွဲချက်တွေကလည်း ငါကမင်းကိုနေ့တိုင်းလာတွေ့နေမှာပဲကိုလွန်းငယ်ရာ'
![](https://img.wattpad.com/cover/166400663-288-k612276.jpg)
ESTÁS LEYENDO
『Loving My Best Friend』
Romanceမျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ဘုရား ငါမင်းလိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်အောင်မလုပ်ပါနဲ့လား. . .