LMBF(26)

8.7K 688 15
                                    

'ဒါ လွန်းငယ်လေးလား အို ကြည့်ပါဦး ချောလာလိုက်တာ တကယ့်ကိုလူရည်သန့်လေးပဲ'

လက်တစ်ဖက်ကိုခပ်ဖွဖွဆုပ်ကိုင်ကာအပြုံးလေးနဲ့ပြောလာတဲ့အန်တီနွယ်ကြောင့်လွန်းငယ်ပြုံးလိုက်မိသည်

'သားအဖေရော နေကောင်းရဲ့လား'

'ဟုတ်ကဲ့ ဦးလေး ပါပါးကျန်းမာပါတယ်'

'အေးကွယ် နောက်မှကိုခန့်သွေးကိုလည်းလာတွေ့ဦးမယ်'

'ဟုတ်ကဲ့ အန်တီနွယ်'

'မာမီတို့ကိုပြောစရာရှိတယ်'

တစ်ချိန်လုံးဘေးနားမှာထိုင်နေတဲ့သူ့ဆီကထွက်လာတဲ့အသံကြောင့် လွန်းငယ်သူ့ကိုလှည့်ကြည့်လိုက်လေတော့ ဘေးနားကခုံမှာထိုင်နေရင်းကနေအနားမှာလာထိုင်ကာ ပခုံးတစ်ဖက်ကိုပါသိုင်းဖက်လာသည်မို့ လွန်းငယ်မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရသည်
လူကြီးတွေလည်းရှိနေတာကို ရှင်းကတော့လေ

'ကျွန်တော် လွန်းငယ်ကိုလက်ထပ်ချင်တယ်'

'သား'

'ရှင်း!'

'သား လွန်းငယ်ကိုလက်ထပ်ချင်တယ်လို့'

'ကိုရှင်း!'

'သား ဘာတွေပြောနေတာလဲ ဒီကလေးနှယ့် လွန်းငယ်လေးကိုမစစမ်းပါနဲ့ကွယ်'

ခေါင်းခါကာရယ်မောရင်းပြောလာတဲ့အန်တီနွယ်ရဲ့စကားကြောင့် သူတို့၂ဦးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြလေသည်

'စနေတာမဟုတ်ဘူးမာမီ သားတကယ်ပြောနေတာ သူ့ကိုလက်ထပ်ချင်တယ်'

ခပ်ပြတ်ပြတ်ပင်သေချာစွာထပ်ထွက်လာတဲ့သူ့အသံကြောင့် လူကြီးတွေမှာလည်းအခုမှတအံ့တသြဖြစ်သွားကြသည့်ပုံနှင့် လူကိုကြည့်လာကြသည်မို့ လွန်းငယ်သက်ပြင်းဖွဖွကိုခိုးချလိုက်မိသည်
ခက်တော့တာပဲ ရှင်းရာ

'သား မင်းတကယ်ပြောနေတာလား'

'တကယ်ပါဒယ်ဒီ'

'သားရယ် လွန်းငယ်လေးကိုလည်းမေးကြည့်ဦးမှပေါ့ သားတစ်ယောက်တည်းဆန္ဒရှိရုံနဲ့ဒီကိစ္စကအဆင်ပြေမှာမဟုတ်ဘူးလေ'

လူကိုကြည့်ကာပြောလာတဲ့ အန်တီနွယ်ရဲ့စကားကိုပြန်ဖြေဖို့ရာ လွန်းငယ်ဘယ်လိုပြန်ဖြေရမလဲမသိတော့ပါ
လူကိုလည်းဘာမှမပြောဘဲနဲ့ အခုမှပြန်လာတဲ့မိဘ၂ပါးကို အမောဆို့အောင်လုပ်နေသလား ကိုကိုရာ မင်းနဲ့တော့တကယ်ခက်တော့တာပါပဲ

『Loving My Best Friend』Onde histórias criam vida. Descubra agora