'ရှင်း'
ခပ်ချိုချိုအသံလေးကြောင့် ရှင်းဘုန်းပိုင်လှည့်ကြည့်လိုက်လေသည်'လွန်း လွန်းငယ်'
OMG!ဒါ တကယ်ပဲလွန်းငယ်လား
ခုန်နှုန်းမြန်လာတဲ့ရင်ကိုလက်နဲ့အသာဖိလိုက်ရင်းအကြည့်တွေကအရှေ့ကကောင်မလေး မဟုတ်ဘူး ကောင်လေးဆီကနေမခွဲမခွာနိုင်'ဘယ်လိုလဲ ငါလှလား?'
အညိုဖျော့ရောင်ဆံပင်ရှည်တွေကိုနားမှာထိုးကာသပ်တင်လိုက်ရင်း နီစွေးစွေးမျက်နှာလေးနဲ့မခို့တရို့ကြည့်ကာပြောလာတဲ့လွန်းငယ်ဟာ တကယ်အသည်းယားစရာ ဆွဲဖျစ်ညှစ်ပစ်ချင်စရာ'ဟင်?မင်းပဲ ငါမိန်းကလေးလိုဝတ်ရင်လှတယ်ဆို အခု ငါမလှဘူးလား'
တစ်လှမ်းချင်းတိုးလာတဲ့ခြေလှမ်းငယ်တွေ
မျက်လုံးကမရည်ရွယ်ဘဲ လှစ်ဟထားတဲ့ပေါင်တံဖြူဖြူတွေဆီအကြည့်ရောက်သွားမိတဲ့အချိန် တံတွေးကိုအသာမြိုချလိုက်မိသည်'ပြန်လည်းမဖြေဘူး ဘာလဲ ဒီပုံစံနဲ့ငါမလှလို့လားရှင်း'
လည်တိုင်ကိုဖက်တွယ်ကာပခုံးပေါ်ခေါင်းမှေးတင်ရင်းခပ်ချွဲချွဲလေးဆိုလေတော့'မ မဟုတ် ပါဘူး လှ လှပါတယ်'
သူ့စကားကို အငြင်းဝါကျတစ်ခုနဲ့တင် အဆုံးသတ်လိုက်လေသည်'တကယ်လား'
မျက်နှာကိုခပ်ဖွဖွထိကပ်လာတဲ့ လက်ချောင်းသွယ်သွယ်လေးတွေရဲ့အထိကနွေးထွေးစွာ
လူကဘာကြောင့်မှန်းမသိ ပူလာသလို ရေငတ်လာသလိုနဲ့'အင်း'
ခေါင်းကိုငြိမ့်ကာပြန်ဖြေတော့ ခပ်ဖွဖွပြုံးသည့်နှုတ်ခမ်းပါးများကြား ကုရာနတ္ထိဆေးမရှိသလို ယောင်ယမ်းကာမိန်းမောသွားမိပြန်သည်'လွန်းငယ်'
'ဟင်'
'ဘာလို့ဒီနေ့အဲ့လောက်လှနေရတာလဲ'
ကျွန်တော့်ရဲ့အူကြောင်ကြောင်အမေးစကားကို နှုတ်ခမ်းလေးဟကာ ခေါင်းလေးမော့ရင်း နှစ်နှစ်ခြိုက်ခြိုက်သူရယ်တဲ့အခါ ထိုနှုတ်ခမ်းပါးတွေအပေါ်ပြစ်မှားချင်နေတဲ့ကိုယ့်စိတ်ဟာထိန်းချုပ်မဲ့စွာ'ရှင်း'
သူ့ရှပ်အင်္ကျီရဲ့ကြယ်သီးတွေကိုဆော့ကစားရင်း သူ့ကိုကြည့်ကာ လက်ဖဝါးနွေးနွေး၂ဖက်ကပါး၂ဖက်ကိုအုပ်ကိုင်လာလေသည်
![](https://img.wattpad.com/cover/166400663-288-k612276.jpg)
KAMU SEDANG MEMBACA
『Loving My Best Friend』
Romansaမျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ဘုရား ငါမင်းလိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်အောင်မလုပ်ပါနဲ့လား. . .