LMBF(17)

11.4K 1.1K 179
                                    

'ကျွန်တော် သူ့ကိုဖွင့်ပြောလိုက်မိတယ်ဆရာ အဲ့ဒီအချိန်တည်းကအခုထိ သူကကျွန်တော့်ကိုမခေါ်တော့ဘူး'

လွန်းငယ် မျက်လုံးလေးပြူးကာနားထောင်နေမိသည် သူတကယ်မထင်ထားခဲ့ သူ့ရဲ့တပည့်လေးဟာသူ့လိုမျိုးသူ့သူငယ်ချင်းကောင်လေးကိုကြိုက်နေလိမ့်မယ်ဆိုတာ

'ကျွန်တော်လည်းအစကကိုယ့်ကိုယ်ကိုယ်လန့်သွားမိတယ် ငါတကယ်ပဲအခြောက်တစ်ယောက်ဖြစ်နေပြီလားလို့ ဒါပေမဲ့ ကျွန်တော်သူ့တစ်ယောက်တည်းကိုပဲချစ်တာ အဲ့ဒါကိုသူကကျွန်တော့်ကိုမယုံဘူး'

အခြောက်တစ်ယောက်!ထိတ်လန့်မှု!
မတူညီစွာနဲ့ သူဘယ်တုန်းကမှရှင်းကိုချစ်ခဲ့မိလို့ ယောက်ျားတစ်ယောက်ကိုချစ်ခဲ့မိလို့ဆိုပြီး အဲ့လိုအတွေးမျိုးမဝင်ခဲ့မိ မတွေးမိခဲ့ပါ ရှင်းဘေးမှာနေရရုံနဲ့တင် ကျွန်တော်ကျေနပ်နေခဲ့ဖူးသည်

မတူညီစွာပဲ ကျွန်တော်ရှင်းကို ဟိုးငယ်ငယ်လေးတည်းက မရိုးသားတဲ့စိတ်တွေနဲ့ချစ်ခဲ့မိကြောင်းကိုလည်း ဖွင့်ပြောဖို့ရာ သတ္တိမရှိခဲ့ပါ အခု မင်းမာန်လိုပေါ့

'ကျွန်တော်စိတ်လေခဲ့တယ်ဆိုတာကျွန်တော်လည်းသိပါတယ် ဒါပေမဲ့ အားနေစာကိုပဲအကြောင်းပြပြီး လူကိုငြင်းလွှတ်နေတဲ့သူ့ကို အရွဲ့ကတိုက်ချင်လာပြန်ရော'

မင်းမာန်ရဲ့စကားကြောင့် သူခေါင်းခါကာပြုံးလိုက်မိသည် ကလေးအရွယ်မဟုတ်ပေမဲ့လည်း ဒီဆယ်ကျော်သက်အရွယ်မှာကျ ကလေးသာသာစိတ်လေးတွေပဲရှိကြသေးတာကိုး

'မင်းမာန်ကမထင်ရဘဲ ကလေးဆန်နေတာပဲ'
ကျွန်တော့်စကားကြောင့် နားမလည်သလိုမျက်လုံးတွေနဲ့ကြည့်လာလေတာကြောင့်

'သူကစာကိုအကြောင်းပြနေတယ်ဆိုရင်လည်း မင်းမာန်ကသူ့ကိုနားလည်ပေးလိုက်ပေါ့ သူကမင်းမာန်ကိုအပြတ်ငြင်းနေတာမှမဟုတ်ဘဲ စာမေးပွဲကလည်းအရေးကြီးနေတာကိုး ဒါပေမဲ့ မင်းမာန်ကသူ့ကိုအရွဲ့တိုက်ပြီးစာမလုပ်ပြတာကတော့မှားနေတယ်လို့ဆရာထင်တယ်'

'ဟုတ်ဆရာ ကျွန်တော်သိပါတယ်'

'အင်း သိတယ်ဆိုရင် အခုပြန်ပြီးကြိုးစားသင့်တာပေါ့ သူအထင်ကြီးလောက်အောင် မင်းမာန်ကကြိုးစားမှသူကမင်းမာန်ကိုမြင်လာမှာ မင်းမာန်ကိုအထင်ကြီးလာမှာပေါ့ အခုစာမေးပွဲကြီးပြီးသွားရင် သူနဲ့ထပ်တွေ့ကြည့်ပြီး သေချာမေးကြည့်ပြီး ကိုယ့်သဘောထားကိုသူနားလည်အောင်ပြောပြလို့ရတာပဲ မင်းမာန်ကိုကောင်းစေချင်လို့ အာရုံမများအောင်သူနဲ့ခဏအဆက်အသွယ်မလုပ်ဖို့ပြောတာဖြစ်နေရင်ရော အဲ့ဒါကြောင့် ဘယ်ကိုမှစိတ်မပြန့်ပဲ အန်တီအတွက်ပဲဖြစ်ဖြစ် မင်းမာန်ရဲ့ရှေ့ရေးအတွက်ပဲဖြစ်ဖြစ် ချစ်တဲ့သူအတွက်ပဲဖြစ်ဖြစ် စာမေးပွဲကြီးအတွက်ပဲအာရုံစိုက်ထားတာပိုမကောင်းဘူးလား'

『Loving My Best Friend』Donde viven las historias. Descúbrelo ahora