'ကျောင်းကအရင်တုန်းကနဲ့မတူတော့သလိုပဲ'
မေခဆောင်နဲ့မလိခဆောင်၂ခုရဲ့အလယ်မှာရှိတဲ့ခုံတန်းရှည်စောင်းတန်းလေးမှာထိုင်နေကြရင်း ရှင်းဘုန်းပိုင်ရေရွတ်လိုက်မိသည်
'အင်း အနည်းအကျဉ်းတော့ပြောင်းလဲသွားတာပေါ့ ဒီလမ်းကိုပဲကြည့်လေငါတို့တုန်းကလိုမဟုတ်ဘဲ ကွန်ကရစ်လမ်းဖြစ်နေပြီ အနောက်ဘက်သန်လျင်ဆောင်နားမှာလည်းအဆောင်သစ်တွေနဲ့ဖြစ်ကုန်ပြီ'
'အင်း အချိန်တွေတောင်တော်တော်ကြာသွားခဲ့ပြီထင်ပါရဲ့ အကုန်ပြောင်းလဲသွားတာပဲ'
'ဒါပေါ့ ငါ့ကိုပဲကြည့်လေ အရင်တုန်းကငါကဒီကျောင်းကကျောင်းသားတစ်ယောက် အခုငါကဒီကျောင်းရဲ့ဆရာတစ်ယောက်ဖြစ်နေပြီ'
ခပ်ပြုံးပြုံးလေးရေရွတ်လာတဲ့လွန်းငယ်ရဲ့အသံကြောင့်သူပြုံးလိုက်မိသည် အင်္ကျီအဖြူလက်ရှည်လေးနဲ့ အဖြူအစိမ်းလေးဝတ်ထားတဲ့လွန်းငယ် ဆံပင်ငုတ်စိလေးတွေ မျက်မှန်ဝိုင်းလေးတွေနဲ့လွန်းငယ်သည် လွန်ခဲ့တဲ့အချိန်တွေတုန်းက စာဂျပိုးလွန်းငယ်အတိုင်းပင် အင်း သူသင်ရတဲ့အထက်တန်းကျောင်းသားခပ်ထွားထွားတွေကြားမှာပျောက်နေမယ့်ဆရာပုစိလေးကိုတွေးမိတော့သူရယ်လိုက်မိသည် ကလေးကိုအတင်းလူကြီးလုပ်ခိုင်းထားသလိုဖြစ်နေတာ ဒီလွန်းငယ်ပေါက်စသိပါလေစ
'အာ ဒါနဲ့လွန်းငယ် ငါတို့မုန့်စားဆောင်ဘက်သွားရအောင်'
'ဘာလို့လဲ ဗိုက်ဆာလို့လား'
'ဆာလို့တော့မဟုတ်ဘူး အခုချိန်လောက်ဆိုမုန့်ဆိုင်တွေပြင်နေလောက်ပြီလေ ၉နာရီထိုးတော့မယ်မလား လာသွားကြည့်ရအောင် ငါကျောင်းကမုန့်ဆိုင်တွေကိုဘယ်လောက်လွမ်းနေရလဲ'
'ကိုရှင်း မင်းကျောင်းကိုလွမ်းနေတာလား မုန့်ဆိုင်တွေကိုလွမ်းနေတာလား'
'ဟားဟား အကုန်လုံးပဲ ကောင်မလေးတွေကိုလိုက်ကြောင်ခဲ့ရတာတောင်လွမ်းတယ် ဟဟ'
'နှာဘူး'
လူကိုဘုကြည့်တစ်ချက်ကြည့်ကာထသွားတဲ့ ဆရာပုစိလေးနောက်သို့အမြန်ပြေးလိုက်ရပြန်သည် သူ့ထက်ခြေတံပိုတိုတဲ့ဒီခြေထောက်ပုစိလေးတွေကဘာလို့အဲ့လောက်တောင်မြန်နေရတာပါလိမ့်
YOU ARE READING
『Loving My Best Friend』
Romanceမျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ငါမင်းလိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်အောင်မလုပ်ပါနဲ့လား. . .
