'တီချယ် လွန်းငယ်ကလွန်းမာန်ခန့်မဟုတ်ပါဘူး လွန်းငယ်ကလွန်းငယ်ပါဆို ဟုတ်တယ်မလားလွန်းငယ်'
သူ့နောက်မှာပုန်းနေတဲ့လွန်းငယ်ကိုလှည့်ကြည့်ကာမေးလိုက်တော့ ခေါင်းလေးငြိမ့်ပြလေသည်
တွေ့လား လွန်းငယ်ကလွန်းငယ်ပါဆိုမှ'မာမီ'
'ဟင်'
အဝတ်တွေခေါက်နေတဲ့အမေဖြစ်သူရဲ့ပေါင်ပေါ်ကိုတက်ထိုင်ကာ'လွန်းငယ်ကိုကျောင်းမှာသားနဲ့တူတူထိုင်ရအောင်တီချယ့်ကိုပြောပေးပါလားဟင်'
'ဟင် လွန်းငယ်လေးကခုသားနဲ့တူတူမထိုင်ရလို့လား'
အမေဖြစ်သူရဲ့စကားအားခေါင်းလေးတခါခါဖြင့်'မဟုတ်ဘူးမာမီရ တီချယ်ကကောင်မလေးတွေကိုသက်သက်ထိုင်ခိုင်းတယ် သားကလွန်းငယ်နဲ့မခွဲချင်တာကို'
သူမကြောင်သွားမိသည် လွန်းငယ်ကကောင်မလေးမှမဟုတ်ဘဲ မဟုတ်မှ သားကလွန်းငယ်လေးကိုကောင်မလေးထင်နေတာများလား
သူမခပ်ဖွဖွပြုံးကာ သားရဲ့ဆံပင်ပျော့ပျော့လေးတွေကိုသပ်ပေးရင်း'လွန်းငယ်ကကောင်မလေးမှမဟုတ်တာသားရဲ့'
မျက်လုံးအပြူးသားနဲ့မော့ကြည့်လာတဲ့သားဖြစ်သူကြောင့်သူမရယ်လိုက်မိသည် တကယ်ထင်နေတာပဲ လွန်းငယ်လေးကိုမိန်းကလေးလို့ ဖြစ်ရမယ်သားကတော့လေ
'ဟုတ်တယ်လေ လွန်းငယ်လေးကသားနဲ့ခွဲထိုင်စရာမလိုတော့ဘူးလေ မကောင်းဘူးလား'
'ဟင့်အင်း မကောင်းဘူး'
'ဘာလို့တုန်းကလေးရဲ့'
'သားကကြီးလာရင်လွန်းငယ်ကိုသားကောင်မလေးလုပ်မှာပါဆို မာမီမကောင်းဘူး'
ငိုမဲ့မဲ့နဲ့ပေါင်ပေါ်မှထကာအခန်းထဲကပြေးထွက်သွားလေရဲ့'ဟောတော် ဒီကလေးနှယ့်'
သူမခေါင်းတခါခါနဲ့သာ သားကြောင့်ရယ်နေမိတော့သည်'လွန်းငယ်ကကောင်မလေးပါ ဟုတ်တယ် မာမီလျှောက်ပြောတာ အဟင့် လွန်းငယ်ကကောင်မလေး ငါ့အရုပ်မလေးပါဆို'
ကုတင်ပေါ်မှာခြေဆင်း ကောက်ချိတ်ကာ အော်ငိုနေသူမှာတော့ လက်တောက်လောက်ပဲရှိသေးတဲ့ ရှင်းဘုန်းပိုင်ပေါက်စလေးပင်
YOU ARE READING
『Loving My Best Friend』
Romanceမျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ဘုရား ငါမင်းလိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်အောင်မလုပ်ပါနဲ့လား. . .