'ငါ့မျက်နှာမှာဘာပေနေလို့လဲ'
သင်္ချာတွက်နေရင်းကနေ လူကိုတစ်ချက်ကြည့်ကာပြောလာလေတာကြောင့် လွန်းငယ်သူခိုးလူမိဖြစ်ကာ ခေါင်းသာခါပြရင်း ဘောပင်ကိုကောက်ကိုင်လိုက်ပြီး အရှက်ပြေဟိုလျှောက်ရေးဒီလျှောက်ရေး လုပ်နေလိုက်မိလေသည်'လွန်းငယ်'
'အင်း'
'ငါ့ကိုကြည့်'
'ဟင် ဘာ ဘာလို့လဲ'
'ကြည့်ဆိုကြည့်စမ်းပါကွာ'
စိုက်ကြည့်နေမယ်မှန်းသိနေတဲ့သူ့အားမဝင့်မရဲပြန်ကြည့်လိုက်မိသည် အမှန်တော့လွန်းငယ်ကြောက်နေမိသည် အချိန်အတန်ကြာငေးကြည့်နေမိတဲ့ ကိုယ့်ရဲ့တစ်ဖက်သတ်ခံစားချက်အချို့ကိုမလိုလားစွာနဲ့ သူသိသွားမှာကျွန်တော်ကြောက်ပါသည်'ဘာ ဘာလို့ငါ့ကို အဲ့လိုကြီးကြည့်နေတာလဲ'
ဘာမှမပြောပဲ စိုက်ကြည့်နေတာကြောင့် သူ့မျက်ဝန်းတွေကနေရှောင်လွှဲလိုက်မိသည် ကိုရှင်းရာ ငါ့ကိုရင်တွေခုန်အောင်မလုပ်ပါနဲ့လား'ဘယ်လိုနေလဲ'
'ဘာကိုလဲ'
'ငါအခုလိုမင်းကိုစိုက်ကြည့်နေတော့ဘယ်လိုနေလဲလို့'
ခေါင်းထဲမှာဒိန်းခနဲ!သူ့မျက်ဝန်းတွေကိုအလန့်တကြားကြည့်လိုက်မိသည် မင်းဘာကိုပြောချင်တာလဲကိုရှင်း မဟုတ်မှ သူ ရိပ်မိသွားတာလား'ငါ...ငါ'
'မင်းမနေတတ်ဘူးမလား'
ဟမ်!'အခုလိုမျိုးမင်းကိုလူတစ်ယောက်စိုက်ကြည့်နေတာမင်းနေရခက်တယ်မလား ငါလည်းအဲ့လိုပဲ နောက်ဆိုငါ့လာကြည့်မနေနဲ့ ကိုယ့်ဘာသာစာထဲကိုအာရုံစိုက် ငါ့ကျတော့အားနေစာလုပ်ခိုင်းနေပြီး သူကျတော့တွေးချင်ရာတွေးနေတယ်'
လူကိုတစ်ချက်ကြည့်ကာပြောရင်း စာပြန်တွက်နေတဲ့သူ့ကို အကြောင်သားလေး လွန်းငယ်ငေးကြည့်မိနေရာကနေ အကြည့်လွှဲလိုက်မိသည်လက်ထဲကဘောပင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း တွက်လက်စအပုဒ်ကိုဆက်တွက်နေပေမဲ့ ဘာတွေကိုရေးနေမိမှန်းကိုယ်တိုင်တောင်သတိမထားမိတော့ တစ်စတစ်စရစ်ဝဲချင်လာတဲ့ အရည်ကြည်တွေမကျလာစေဖို့ နှုတ်ခမ်းတွေကိုမရည်ရွယ်ဘဲဖိကိုက်ထားလိုက်မိသည်

ВЫ ЧИТАЕТЕ
『Loving My Best Friend』
Любовные романыမျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ဘုရား ငါမင်းလိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်အောင်မလုပ်ပါနဲ့လား. . .