'ဒီမှာ ကြည့်စမ်း မင်းငယ်ငယ်တုန်းက တကယ်အရုပ်မလေးအတိုင်းပါပဲဆို ငါအဲ့တုန်းက မင်းကိုကောင်မလေးပဲထင်ခဲ့တာ'
အခန်းထဲဝင် သူများကုတင်ပေါ်ခြေဆင်းကာ မောင်ပိုင်စီးထားသူက လက်ထဲမှာလည်း photo albumတစ်ခုနဲ့
'ဒါ ငါတို့မူကြိုတက်တုန်းကမလား'
'ဟင် အင်း ဟုတ်တယ်'
သူ့ဘေးမှာ ဝင်ထိုင်ရင်း ဖြေမိတော့ လူကိုကြည့်ကာ ပါးတစ်ဖက်ကို ခပ်ဖွဖွတစ်ချက်နမ်းလာလေသည်
'ဘာဖြစ်ပြန်ပြီလဲ'
'ဒီတိုင်း ကြည့်နေရင်းနဲ့ အသည်းယားလာလို့'
ဓာတ်ပုံတွေကိုပြန်ကြည့်ရင်း ဖြေလာတာမို့ သူသဘောတကျပြုံးလိုက်မိသည်
'ငါလည်းကြည့်မယ်'
သူ့လက်မောင်းတစ်ဖက်ကို လက်တွေနဲ့တွယ်ချိတ်ရင်း ခပ်ချွဲချွဲလေးပြုမူချင်လာမိတဲ့စိတ်က အစိုးမရစွာ
'ဒီပုံကဘာလဲ'
လက်ညှိုးထိုးပြတဲ့ပုံကိုကြည့်မိတော့ မူလတန်းတုန်းက ကျောင်းဆုပေးပွဲမှာ ကတုန်းကပုံလေး
'ဆုပေးပွဲတုန်းက ကတဲ့ပုံလေ'
'ဟာ မဟုတ်ဘူးလေကွာ မင်းကဘာလို့ အဲ့ကောင်မလေးပါးကို နမ်းနေရတာလဲလို့!'
'မသိဘူးလေ ဆရာမနမ်းခိုင်းလို့ဖြစ်မှာပေါ့'
'ကျစ်!သဘောမကျလိုက်တာ'
'ကလေးတုန်းကဟာပဲကို အကဲပိုလိုက်တာ'
'ဟ ပိုသင့်ရင်ပိုရမှာပဲ'
'ကိုကိုကလည်းကွာ ငယ်ကမင်းတစ်ယောက်တည်းကိုပဲချစ်တာ သိရဲ့သားနဲ့'
'လွန်းငယ် ငါ့ကို အဲ့လိုမချွဲပြလည်း ဒီလူကအစတည်းကသမာဓိအား ကောင်းတာမဟုတ်ဘူးနော် မင်း ကိုယ့်ဒုက္ခကိုယ်မရှာချင်နဲ့'
'အဲ့ဒုက္ခက ကိုကို့ကြောင့်ဆို ငါကလက်ခံဖို့အဆင်သင့်ပဲ'
'ဟာကွာ ငယ်!ငါ့ကို စိတ်လာမဆွနဲ့ မင်းယောက်ျားဖြစ်မယ့်သူက ငယ်ရွယ်တက်ကြွနေတဲ့ ယောက်ျားသားတစ်ယောက်နော် စိတ်ဆန္ဒကိုအလိုလိုက်မိလို့ မယူရသေးခင် မဖြစ်သင့်တာတွေဖြစ်နေမယ် ငါတကယ်ပြောနေတာ မနောက်နဲ့'

YOU ARE READING
『Loving My Best Friend』
Romanceမျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ဘုရား ငါမင်းလိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်အောင်မလုပ်ပါနဲ့လား. . .