LMBF(12)

11.2K 1.1K 36
                                    

'လွန်းငယ် ဒါ'

'ပြန်ပေး!ပြန်ပေးလို့ပြောနေတယ် ကိုရှင်း'

မတရားရှည်လာတဲ့အရပ်ကိုမှအားမနာ လက်တံရှည်တွေဟာဖြောင့်တန်းစွာမြှောက်တင်လျက် ခုန်ဆွခုန်ဆွဖြစ်နေတဲ့ယုန်ပေါက်ကတော့မမီတမီနဲ့လက်ထဲကဓာတ်ပုံကိုမရရအောင်လိုက်လုနေဆဲ

'မပေးဘူး နေပါဦးကွာ ငါသေချာတောင်မကြည့်ရသေးဘူး ဒါလေးကြည့်တာကိုဘာဖြစ်လို့အတင်းလိုက်လုနေရတာလဲ'

'မင်းနဲ့မှမဆိုင်ဘဲ မကြည့်နဲ့ပြန်ပေး ပြန်ပေးလို့ဆိုကွာ'

'လွန်းငယ်'

အသံကအတော်ပင်မာသွားသည်ကို ခပ်တိုးဖျော့ဖျော့ထွက်လာတဲ့ခေါ်သံတစ်ခုနောက်မှာ သိလိုက်ရပေသည်

'Sorry ငါကဒီတိုင်း ရော့ မင်းဓာတ်ပုံ ငါမကြည့်တော့ဘူး စိတ်မဆိုးနဲ့တော့'

လက်ထဲကိုဓာတ်ပုံထည့်ပေးကာအခန်းအပြင်ဘက်ထွက်သွားတဲ့သူ
ကျစ်!လွန်းမာန်ခန့် ဘာလို့ရှင်းကိုအဲ့လိုမျိုးသွားပြောမိပြန်တာလဲ ကိုယ့်ဘာသာအပြစ်တင်မိပြန်တာလည်းကျွန်တော်ကိုယ်တိုင်ပင် ရှင်းစိတ်မကောင်းဖြစ်သွားပြန်ပြီထင်ပါရဲ့

'ဒီပါးစပ်ဟာလေ အပြောအဆိုကိုမတည့်ဘူး'
သက်ပြင်းဖွဖွချကာ လက်ထဲကဓာတ်ပုံကိုတစ်ချက်ကြည့်လိုက်မိသည် တကယ်ပဲဒီပုံကြီးကိုမင်းကိုငါပြသင့်ရဲ့လားရှင်းရာ

'ရှင်း ဟို ငါ'

'မင်း ကျူရှင်သွားတော့မှာမလား ငါလိုက်ပို့ပေးမယ်'

'ဟင် အင်း'

စကားကိုဖြတ်ပြောကာ ကားသော့ကိုကောက်ကိုင်ရင်းထွက်သွားပြန်တဲ့သူ စိတ်ကောက်သွားပြီထင်ပါရဲ့

သက်ပြင်းတစ်ခါချလို့အသက်တစ်ရက်တိုကြေးဆို မင်းကြောင့်နဲ့ငါအသက်ရှည်ပါ့မလား ငါ့အသက်ရယ်

'ငါ့ကိုစိတ်ဆိုးနေတာလား'

ထွက်လာတဲ့လေသံသည်ခပ်တိုးတိုး ပါးပြင်ကိုဖြတ်ခနဲပွေ့ရှိုက်သွားတဲ့လေပြေအလားတိုးလျလွန်းတယ်

'မဆိုးပါဘူး မင်းသာငါ့ကိုစိတ်ဆိုးရမှာမလား Sorry ငါနဲ့လည်းမဆိုင်ဘဲ သူများပုံကိုခွင့်မတောင်းပဲကြည့်မိသလိုဖြစ်သွားတယ်'

『Loving My Best Friend』Tempat cerita menjadi hidup. Temukan sekarang