LMBF(20)

12.6K 1.1K 58
                                        

'နိုးပြီလား'

'ဟင်!လွန်းငယ် အ့'
ထိုးကိုက်လာတဲ့ခေါင်းကြောင့် ကုတင်ပေါ်ကကုန်းရုန်းထနေရာကနေ လက်တစ်ဖက်နဲ့ခေါင်းကိုကိုင်လိုက်ရင်း သူညည်းလိုက်မိသည်

'ခေါင်းကိုက်နေပြီမလား ဘာလို့အဲ့လောက်
သောက်ရတာလဲ'
သံပုရာရည်ခွက်ကိုကမ်းပေးကာ ပြောလာတဲ့လွန်းငယ်ကို မကြည့်ရဲစွာဖြင့် ကမ်းပေးလာတဲ့ သံပုရာရည်ခွက်ကိုသာ မော့သောက်လိုက်လေသည်

'လွန်းငယ် ဟို ငါ'

'တိတ်တိတ်နေ ငါမင်းကိုစိတ်ဆိုးနေတယ်'

နားထင်၂ဖက်ကို လက်နုနုလေးတွေနဲ့ ခပ်ဖွဖွနှိပ်ပေးလာတဲ့အခါ ထိုလက်ချောင်းများကိုဆုပ်ကိုင်ကာ နမ်းရှိုက်မိချင်လာသည့်စိတ်ကလည်း အစိုးမရစွာ

'ငါတောင်းပန်ပါတယ်'

'ဘာကိုလဲ'

'မင်းကိုအနှောင့်အယှက်ပေးမိပြီ'

'လိုလား'

လူကိုမျက်နှာငယ်နဲ့ကြည့်လာပြန်တဲ့ ကိုရှင်းအား သူထုလိုက်ချင်သည်
လုပ်ချင်တာလုပ်ထားပြီးရင် လူကိုမဆူရက်အောင် အမြဲမျက်နှာငယ်လေးနဲ့

'မင်းနဲ့ငါ့ကြားမှာ တောင်းပန်စကားပြောဖို့လိုလို့လား'

'လွန်းငယ်'

'ဒါပေမဲ့ ငါမင်းကိုထုချင်တယ် ဘာတွေ
ဘယ်လောက်တောင် ခံစားနေရလို့ အဲ့အရက်တွေကို သောက်ရတာလဲ'

'ငါ...ငါ ဒီလို ပါပဲ'

'ဘာကို ဒီလိုပါပဲလဲ!အရင်နေ့တွေကမေးတုန်းကလည်း ငါ့ကိုမဖြေဘဲ ထွက်သွားတယ် အခု အရက်တွေပါသောက်တယ် မင်းပြော မင်းဖြစ်နေတဲ့အခက်အခဲကို မင်းပြောတော့ ငါကမင်းအတွက်အကောင်းဆုံးသူငယ်ချင်းပါဆို အဲ့ဒါဆို မင်းအခက်အခဲကိုလည်း ငါ့ကိုပြောပြမှပေါ့ အဲ့ဒါမှငါမင်းကို ကူပြီးဖြေရှင်းပေးလို့ရမှာမဟုတ်ဘူးလား မင်းအခုလိုတွေ လျှောက်လုပ်နေတာ ငါတကယ်သဘောမကျဘူး ကဲ ပြော ငါ့ကို
မင်းဘာဖြစ်နေလဲဆိုတာ'

'ဘာမှမဖြစ်ပါဘူးဆို'

'ကိုရှင်း!'

'ကျစ် ဟာကွာ ဘာမှမဖြစ်ပါဘူးဆို'

『Loving My Best Friend』Donde viven las historias. Descúbrelo ahora