LMBF(14)

11.2K 1K 56
                                    

'ပြန်လာပါပြီ'

'ဪ သားရှင်းပြန်လာပြီလား အဝတ်အစားလဲ ပြီးရင်ညစာစားကြရအောင်'

ဦးလေးရဲ့စကားကြောင့် ရှင်းဘုန်းပိုင် ဦးလေးဘေးမှာထိုင်နေတဲ့လွန်းငယ်ကိုတစ်ချက်ခိုးကြည့်လိုက်မိသည် ခေါင်းကြီးငုံ့ထားတဲ့လွန်းငယ်ကြောင့် သူခပ်ဖွဖွပြုံးလိုက်မိသည်
ရှက်နေတဲ့ပုံကိုကြည့်ပါလား အသည်းယားစရာ ဟူး...အခုတလော လွန်းငယ်ကအချိန်ပြည့်အတွေးထဲရောက်လာတတ်နေသည့် အကြောင်းခံကို နားလည်နေပေမဲ့အဖြေထုတ်ဖို့ရာကျ...

'အလုပ်ကိစ္စရောအဆင်ပြေရဲ့လား သားရှင်း'
ကိုရှင်း လက်ထဲကဇွန်းကိုချလိုက်ရင်း

'ဟုတ်ဦးလေး shareဝင်တွေနဲ့တော့တွေ့ကြည့်ပြီးပါပြီ companyဖွင့်ပွဲအတွက်တော့အချိန်နည်းနည်းယူပြီးမှသေချာလုပ်ဖို့စိတ်ကူးထားပါတယ်'

'အေးအေး ကောင်းတယ်ကွယ် ငါတို့သားရှင်းတောင် companyပိုင်ရှင်ကြီးဖြစ်တော့မှာပါလားကွ'

ဦးလေးနဲ့ရယ်မောကာစကားတွေပြောနေပေမဲ့ တစ်ချက်တစ်ချက်ခိုးကြည့်နေမိတဲ့ကောင်လေးကတော့ယောင်လို့တောင်ကျွန်တော့်ကိုမကြည့်လာခဲ့ပါ

'လွန်းငယ်'

ကိုယ့်ခေါ်သံကြောင့် ပန်းကန်ဆေးနေတဲ့လွန်းငယ်ကိုယ်လေးဟာ အနည်းငယ်မတ်သွားသလိုပင်

'အင်း'

'ငါ့ကို'

ကျောပြင်ငယ်သည်မလှုပ်မယှက်

'စိတ်ဆိုးလား'

မဝင့်မရဲနဲ့ကြည့်နေမိတဲ့အခါ ခေါင်းကိုခါကာ အငြင်းပြုတဲ့လွန်းငယ်

'တကယ်လား'

'အင်း'

'အဲ့ဒါဆို ငါထပ်နမ်းလို့ ရမလား'

'ဘာ!'

စလိုက်သည်ကိုတကယ်ထင်သွားပုံရတဲ့ကောင်လေးသည်အခုမှသူ့ဘက်ကိုလှည့်ကာ ဘုကြည့်ကြည့်လာလေသည်

'ဟားဟား စတာပါကွာ နဂါးမျက်စောင်းကြီးတော့မလုပ်ပါနဲ့ ငါပြာကျမှာကြောက်တယ်'

တဟားဟားနဲ့မျက်နှာရူးရုပ်လာလုပ်နေတဲ့ကိုရှင်းအားပိတ်ခေါက်ပစ်လိုက်ချင်ပါသည် သူများရှက်အောင်လည်းလုပ်တယ် စလည်းစတယ် လူဆိုးကောင်

『Loving My Best Friend』Donde viven las historias. Descúbrelo ahora