LMBF(19)

12K 1K 118
                                    

'မင်းတို့ကလည်း နည်းနည်းပါးပါးမတားကြဘူးလား'
မူးရူးကာအော်ဟစ်နေတဲ့ရှင်းကိုတစ်ချက်ကြည့်ရင်း လွန်းငယ်ပြောလိုက်လေသည်

'တားလို့ရမယ် မင်းလူအကြောင်းမင်းမသိလို့လား'

'ဒါပေမဲ့လည်း အခုဘယ်လိုလုပ်မလဲ အိမ်မှာ ပါပါးရှိတယ်ကွ ရှင်းကလည်းအရမ်းမူးနေတယ်'

'အဲ့ဒါလည်းဟုတ်တာပဲ ဦးလေးကိုအားနာစရာ အဲ့ဒါဆို မင်းပြန်လိုက်တော့လွန်းငယ် ငါ့တိုက်ခန်းပဲခေါ်သွားလိုက်မယ် စိတ်မပူနဲ့'

ငထက်ရဲ့စကားအဆုံး လွန်းငယ်သက်ပြင်းဖွဖွချလိုက်မိသည်
စိတ်မပူနဲ့လို့ပြောပေမဲ့ ဘယ်လိုစိတ်မပူပဲသူနေရမလဲ
အိမ်မှာလည်း ပါပါးနဲ့မို့ ရှင်းကိုသောက်စားတတ်တဲ့သူလို့မထင်စေချင်

'ဟင်း ထက်လင်း ငါ့ကိုဖုန်းခဏငှားပါလား ငါအမြန်ထွက်လာတာ ဖုန်းကျန်ခဲ့တယ်'

'ဪ အေး ရော့'

ကမ်းပေးလာတဲ့ဖုန်းကိုယူကာ ပါပါးဆီကိုဖုန်းဆက်ရင်း သူငယ်ချင်းတွေမတွေ့တာကြာလို့ နည်းနည်းပါးပါးသောက်ဖြစ်ရင်း ပြန်မလာတော့မယ့်အကြောင်း ပြောကာစိတ်မပူဖို့ပြောရသေးသည်
ပါပါးကလူငယ်သဘာဝကိုနားလည်ပေးပေမဲ့ လူမှန်းသူမှန်းမသိမူးရူးနေတဲ့ရှင်းကိုတော့ ပါပါးကိုမမြင်စေလို ရှင်းကဒီလိုသောက်စားမူးရူးတတ်တဲ့သူမှမဟုတ်ဘဲ
ဘာတွေများဖြစ်လို့ ငါ့ကို မပြောပြနိုင်ရတာလဲ ရှင်းရာ

'ရှင်းဘာဖြစ်နေလဲ မင်းသိလား ထက်လင်း'

ကုတင်ပေါ်မှာ အိပ်ပျော်နေပြီဖြစ်တဲ့ ရှင်းရဲ့ပါးပြင်တစ်ဖက်ကို သူ့လက်ဖဝါးတစ်ဖက်နဲ့အုပ်မိုးထားရင်းကနေမေးလိုက်မိလေသည်

'မင်း သိတယ်မလား'
နှုတ်ဆိတ်နေတဲ့ ငထက်ကသူ့စကားအဆုံး သက်ပြင်းရှည်ကိုချကာ လူကိုကြည့်လာလေသည်

'မင်းရဲ့လူကချစ်တတ်နေပြီ'

ဘယ်လို!ရှင်း ရှင်းကချစ်တတ်နေပြီတဲ့လား

'ဒါပေမဲ့ အဲ့ကောင်ကအခုထိသူ့စိတ်ကိုသူမသိဘူး ဘယ်လိုလဲ သနားစရာမကောင်းဘူးလား'

ရှင်းက လူတစ်ယောက်ကိုချစ်မိပြီး နာကျင်နေတတ်ပြီတဲ့လား
အဟက် လွန်းငယ် ခပ်တိုးတိုးတစ်ချက်ရယ်လိုက်ရင်း သူ့မျက်နှာချောချောကိုသာ ငေးကြည့်မိပြန်သည်
ကျွန်တော့်ရဲ့ရှင်းကိုချစ်တတ်အောင်သင်ပေးရင်တော်ရောပေါ့ ဘာလို့ သူ့ကိုနာကျင်ခိုင်းရတာလဲ ကျွန်တော်မကျေနပ်လိုက်တာ

『Loving My Best Friend』Tempat cerita menjadi hidup. Temukan sekarang