LMBF(28)

7.2K 586 13
                                    

'ဦးလေး အခြေအနေကဘယ်လိုလဲ လွန်းငယ်'

'ဟင်း အခုထိ ငါ့ကိုစကားမပြောသေးဘူး ပါပါး ငါ့ကိုအရမ်းစိတ်ဆိုးသွားတယ်ထင်တယ်'

'တောင်းပန်ပါတယ် ငါ့ကြောင့်'

'ဟာ ရှင်း မဟုတ်တာကွာ ဘာလို့မင်းကြောင့်ရမှာလဲ တစ်နေ့မဟုတ်တစ်နေ့တော့ ဖွင့်ပြောရမှာပဲ မဟုတ်ဘူးလား'

ဖုန်းထဲကနေ အသံလေးကသေးသေးလေးပဲထွက်လာတဲ့ ကိုရှင်းတစ်ယောက်ကြောင့် သူ့မှာ ရှင်းအား အရင်ချော့ရသေးသည်
ရယ်တော့လည်းရယ်ချင်သား ဂျစ်ကန်ကန်နဲ့ ရှင်းလိုကောင်လေးမျိုးက အခုတော့အသံလေးတောင်မထွက်တော့ဘူး ပါပါးမိသွားလို့ သူ့မှာစိတ်ဆင်းရဲနေရှာတယ် အင်း ကျေတော့လည်းကျေနပ်မိပါရဲ့ သူနဲ့ဝေးရမှာကြောက်လို့ သူ့ခမျာစိတ်ဆင်းရဲနေရတယ်ဆိုပဲ အရူး ဘယ်သူကသူနဲ့ဝေးရာသွားမှာလဲ ချစ်လွန်းလို့တောင် ကိုယ့်အပိုင်ဖြစ်ဖို့ အမြဲမျှော်လင့်ခဲ့ရတာကို

'သက်ပြင်းတွေချည်းပဲချမနေပါနဲ့တော့ကွာ ငါ့ကောင်လေးကစိတ်ဆင်းရဲနေတော့ ငါလည်းဘယ်နေလို့ကောင်းမလဲ'

'မသိဘူးကွာ ငါစိတ်ပူနေတာပဲသိတယ် မနက်ဖြန် ငါ့မိဘတွေမင်းအဖေကိုလာတွေ့လို့ အိမ်ထဲတောင်အဝင်မခံပဲ သဘောမတူဘူးပြောရင်ဘယ်လိုလုပ်မလဲ မရဘူးနော် ငယ် မင်းအဝတ်ထုပ်ပြင်ရင်ပြင်ထား ငါမင်းကိုရအောင်လာခိုးမှာ'

'ဟားဟား ရှင်းရာ မဟုတ်ကဟုတ်ကတွေ ပါပါးကအဲ့လိုမလုပ်လောက်ပါဘူးကွာ'

'ပြောလို့ရမလား အဲ့မှာ ရယ်နေလိုက် ငါကတော့ ဒီမှာပူလောင်နေပါတယ်ဆို'

တကယ်ကို စိတ်ညစ်နေတဲ့လေသံကြောင့် လွန်းငယ်မှာ စတောင်ဆက်မစရက်တော့ ဘယ်လိုပြောပြောလည်းမရ ရှင်းနဲ့တော့ခက်ပြီ

'ကိုကို'

'ဟာ ပြန်ဖြေလေဟ!'

'မင်းကအဲ့လို ဗြုန်းစားကြီးလာခေါ်တာကို ငါရင်တုန်သွားတာပေါ့'

'ဟောဗျာ မင်းပဲကိုကိုခေါ်ဆိုလို့ခေါ်ရသေးတယ် ရင်ခုန်တယ်လည်းမဟုတ် ရင်တုန်တယ်ဆိုတော့ ခေါ်တဲ့ငါတောင်နင်သွားပြီ'

『Loving My Best Friend』Tahanan ng mga kuwento. Tumuklas ngayon