LMBF(8)

12.3K 1.1K 41
                                    

'ငရှင်း မင်းအခုဒီကိုအပြီးပြန်လာတာလား'
ထက်လင်းရဲ့အမေးစကားကြောင့် လွန်းငယ် သူ့ကိုမသိမသာကြည့်လိုက်မိလေသည်

'အင်းဒီမှာပဲနေဖြစ်တော့မယ်ထင်တယ်'
အအေးခွက်ကိုကိုင်ထားကာအပြုံးလေးနဲ့ပြောလာတဲ့သူ့ကြောင့်လွန်းငယ်ပြုံးလိုက်မိသည် အရင်တုန်းကလိုမျိုးအချိန်တိုင်းနေ့တိုင်းမဟုတ်တောင် အနည်းဆုံးတော့ကျွန်တော်တစ်ခါတရံသူ့ကိုတွေ့နိုင်ခွင့်ရှိသေးတယ်မဟုတ်လား

'အေးကောင်းပါတယ်ကွာ ဒီမှာပဲအခြေချတော့ပေါ့ ငါတို့တွေလည်းရှိတာပဲ မင်းအကူအညီလိုရင်ပြော'

'အင်း ဒါနဲ့'
ရုတ်တရက်ကိုယ့်ဘက်လှည့်ကာကြည့်လာသည်မို့အယောင်ယောင်အမှားမှားနဲ့ခေါင်းအမြန်ငုံ့ကာ လက်ထဲကအအေးခွက်ကိုသာဆုပ်ကိုင်ထားမိတော့သည်

'လွန်းငယ် ဘာလို့ခုထိစကားတစ်ခွန်းတောင်မပြောသေးတာလဲ'

'ဟင်'
သူ့စကားကြောင့်လွန်းငယ်ကြောင်တောင်တောင်လေးနဲ့သူ့ကိုကြည့်လိုက်မိတော့ သူကကိုယ့်မျက်လုံးတွေကိုစိုက်ကြည့်နေပြန်တာကြောင့်

'အာ မဟုတ်ပါဘူး ငါဘာပြောရမှန်းမသိလို့ပါ'
အတန်ငယ်တွန့်ချိုးသွားတဲ့မျက်ခုံးတန်းတွေ စိတ်ထင်နေလို့များလား

ဟုတ်တော့လည်းဟုတ်သည် ဟိုးငယ်ငယ်လေးတည်းက သူအရင်းနှီးဆုံးအခင်တွယ်ဆုံးဖြစ်ခဲ့တဲ့သူငယ်ချင်းက အခုမှပြန်ရောက်လာတဲ့သူ့ကိုခပ်တန်းတန်းဆက်ဆံနေတာကိုသူမနှစ်မြို့နေသည်မှာလည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မည် ဒါပေမဲ့ ငါ တကယ်မင်းကိုဘာပြောရမလဲမသိဘူးရှင်း ငါ ဒီနှစ်တွေအတွင်းမှာမင်းများပြန်လာခဲ့ရင် ငါမင်းကိုပြောချင်တဲ့စကားတွေ ငါ့ကိုထားသွားလို့စိတ်ဆိုးနေတဲ့အကြောင်းတွေ ငါ့ကိုတစ်ခါလေးတောင်အဆက်အသွယ်မလုပ်လို့ မင်းကိုငါစိတ်ကောက်နေတဲ့အကြောင်းတွေ ပြီးတော့ငါမင်းကိုသတိရနေခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုပြောပြီးမင်းကိုထုရိုက်ပစ်မယ်စိတ်ကူးခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ငါဒီတိုင်းထိုင်နေမိရုံကလွဲပြီး ဘာပြောရမှန်းငါတကယ်မသိဘူး

『Loving My Best Friend』Onde histórias criam vida. Descubra agora