LMBF(5)

14.6K 1.2K 28
                                    

'ငရှင်း ငါတို့မှားသွားပါတယ်ဆိုကွာ မင်းကလည်း'

'အေးလေ မင်းကလည်း သူငယ်ချင်းအချင်းချင်းဒါလေးစတာကို'

'ဘာ ဒါလေးဟုတ်လား!အေး မင်းတို့ခလောက်ဆန်တဲ့စကားကငါနဲ့လွန်းငယ်ကြားဘာတွေဖြစ်သွားနိုင်လဲတွေးမိလိုက်ရဲ့လား တောက်'
ငရှင်းဒီလောက်ဒေါသထွက်မယ်မထင်လို့စလိုက်မိတာ ပြဿနာကအဲ့လောက်တောင်ကြီးသွားမယ်မှန်းသူတို့မတွေးမိတာတော့အမှန်ပင်

'မဟုတ်ပါဘူးကွာ ငါတို့ကအဲ့လိုခလောက်ဆန်တဲ့စိတ်မျိုးနဲ့ပြောလိုက်တာမဟုတ်ဘူး မင်းတို့၂ယောက်ကငယ်ပေါင်းတွေဆိုတော့ ဒီတိုင်းစိတ်ကောက်ရုံလောက်ပဲဖြစ်မယ်ထင်ပြီးဒီတိုင်းစလိုက်မိတာပါကွာ'
လဒတွေ သူတို့စတာကအရေးမကြီးဘူး လွန်းငယ်ကစိတ်ဆိုးသွားပြီ ဟာကွာ ဒီကောင်တွေတော့ငါပိတ်ကန်မိတော့မယ်

'ငရှင်းကလည်း လွန်းမာန်ကလည်းငါတို့သူငယ်ချင်းပဲကို ငါတို့ကအဲ့လိုစိတ်မျိုးတွေမရှိတာအမှန်ပါကွာ မင်းကအဖြစ်သည်းလွန်းလို့စချင်စိတ်ပေါက်လာလို့ပြောလိုက်တာ ကျေနပ်တော့ ဟေ့ရောင် ငါတို့မှားသွားတယ်'

'မသိဘူးကွာ!တော်ပြီ ငါပြန်တော့မယ် နောက်အချိန်ဆရာမကိုခွင့်တိုင်ပေး'

'ဟာ ဟေ့ရောင် မင်းကလည်းချက်ချင်းကြီးအိမ်ပြန်တော့မလို့လား'

'အိမ်မပြန်ဘူး မင်းတို့အဘိုးလေးဆီသွားမလို့ ဒါပဲ ခွင့်တိုင်ထားလိုက်'
ကျောပိုးအိတ်ကိုကောက်ကိုင်ကာပြေးထွက်သွားတဲ့ငရှင်းကျောပြင်ကိုကြည့်ကာ သူတို့၂ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းခေါင်းခါလိုက်မိကြလေသည်
ငရှင်း ငရှင်း လွန်းငယ်တစ်ရက်လေးမလာတာနဲ့ဖင်တကြွကြွဖြစ်ပြီးသွားချင်နေတာ အင်း မချစ်တာလည်းမဟုတ်ဘဲလွန်းငယ်ကိုဆိုအားကြီးအနိုင်ကျင့်လွန်းနေတဲ့သောက်ကျင့်ကကောင်းကိုမကောင်း တာ နည်းနည်းလေးpsychoသွင်းပေးလိုက်တာနဲ့ဖြစ်ပျက်နေတာမြင်မကောင်း

လွန်းမာန်ရေ မင်းမမြင်နိုင်တဲ့ငရှင်းရဲ့အခြားတစ်ဖက်ခြမ်းကိုမင်းများသိလို့ကတော့ကွာ

'သား ပါပါးသွားလို့ရောရရဲ့လား'
နဖူးကိုစမ်းကာစိတ်မချဖြစ်နေတဲ့ ပါပါးကိုမျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိပြုံးပြလိုက်ရင်း

『Loving My Best Friend』Onde histórias criam vida. Descubra agora