LMBF(10)

12.7K 1.1K 11
                                    

'လွန်းငယ်'

'အာ နိုးပြီလား လာ ငါမနက်စာပြင်ထားတယ်'
shirtအကွက်လေးကိုတံတောင်ဆစ်ထိခေါက်တင်ထားတဲ့လွန်းငယ် ရှင်းသန့်နေတဲ့မျက်နှာလေးနဲ့ပနံမသင့်စွာမျက်ကွင်းညိုညိုတွေကသိသာလျက်

'အိပ်ရေးမဝဘူးလား'

'ဟင် ဘာဖြစ်လို့လဲ'
အနည်ထိုင်စပြုနေတဲ့ကော်ဖီခွက်ကိုမွှေနေရင်းကနေလူကိုအူကြောင်ကြောင်လေးကြည့်လာလေသည်

'မင်းမျက်ကွင်းတွေညိုနေလို့ ဆက်အိပ်ပါလား ဒီနေ့စနေနေ့ပဲကိုအလုပ်မသွားရဘူးမလား'

'အင်း ဒါပေမဲ့နေ့လည်သွားစရာရှိသေးတယ် မအိပ်တော့ပါဘူး'

'သွားစရာ?ဘယ်ကိုလဲ?'
လွန်းငယ်ကြော်ပေးထားတဲ့ထမင်းကြော်တစ်လုတ်ကိုပါးစပ်ထဲထည့်လိုက်လေသည် သူ့အကြိုက်ကိုလွန်းငယ်မှတ်မိသေးတယ်ထင်ပါရဲ့ ခပ်လေးလေးထမင်းကြော်ကသူ့အတွက်အရသာရှိလှသည်

'စာသင်ပေးဖို့ဆရာမတစ်ယောက်ကအကူအညီတောင်းထားလို့ အဲ့ကလေးအိမ်သွားရမယ်'

'အထက်တန်းကျောင်းသားလား'

'အင်း'

'ဘယ်နှတန်းလဲ'

'၁၀တန်း'

'ဪ ဒီနေ့စသင်ရမှာလား'

'မဟုတ်ဘူး ဒီနေ့ဆရာမကမိတ်ဆက်ပေးရုံပဲ အချိန်ညှိဖို့ကိစ္စတွေလောက်ပဲ'

'အာ အဲ့ဒါဆိုမကြာဘူးပေါ့'

'ဟင် အင်း'

'အဲ့ဒါဆိုငါပါလိုက်ခဲ့မယ်လေ'
သူ့စကားကြောင့် သမင်မျက်လုံးကြီးတွေကပိုဝိုင်းစက်သွားဟန်

'ငါကားပေါ်မှာပဲစောင့်နေမယ်လေ မင်းကို'

'မင်းပြန်တော့မှာမဟုတ်ဘူးလား'

'ငါလား အင်း ဘယ်လိုပြောရမလဲ ငါမင်းဆီမှာပဲခဏနေဦးမလားလို့'

'ဟမ်!ဘာလို့လဲ'
အလန့်တကြားထွက်လာတဲ့အသံကိုသဘောမကျစွာသူမျက်မှောင်ကြုတ်လိုက်မိသည် အရင်ကလည်းနေနေကျကိုအခုမှဘာတွေဖြစ်လို့ငါ့ကိုမနေစေချင်တဲ့ပုံဖြစ်နေရတာလဲလွန်းငယ်

'တစ်မျိုးမထင်ပါနဲ့ မင်းမှာအိမ်ရှိနေတာပဲ အဲ့ဒါကြောင့်ငါအံ့သြသွားလို့ပါ'
လွန်းငယ် ခေါင်းကိုငုံ့ကာပြောလိုက်မိသည်
တကယ်လည်းရှင်းစိတ်ထဲမှာသူ့ကိုတစ်မျိုးထင်မြင်သွားမှာသူမလိုလားပါ အနည်းဆုံးတော့ကိုယ်ကြိတ်ချစ်နေရတဲ့သူရှေ့မှာတော့ သူ့ကိုမလိုလားတဲ့အပြုအမူမျိုးနဲ့သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင် မည်သူကလုပ်ချင်ကြမည်နည်း

『Loving My Best Friend』Donde viven las historias. Descúbrelo ahora