LMBF(18)

12.2K 1.1K 62
                                        

မိုးကောင်းကင်ကြည်ပြာအောက်မှာ
ကောင်းခြင်းတွေပေါင်းစုစည်းကာ
သူ့ထက်ပိုကဲလှသူ ရှိတော့ဖြင့်ရှိလိမ့်မယ်
အေးမြတဲ့အပြုံးပိုင်ရှင်ရယ်...

တောင်းဆုတွေပြည့်ဝခဲ့သူ
နူးညံ့တဲ့နှလုံးသားနဲ့အတူ
စွဲမက်ဖွယ်စကားနဲ့ဆင့်ကာ
တုယှဉ်ပြိုင်လာလို့နှိုင်းရင်
ရှုံးကြမှာပဲ...

ရင်ထဲရှိရှိသမျှ ပြောပြရရင်
တကယ်လှတယ်
မြင်သူတကာ ငေးငေးလောက်အောင်
လှရက်လို့...

Radioကလာနေတဲ့သီချင်းသံကိုခပ်တိုးတိုးလိုက်ညည်းရင်းသူပြုံးလိုက်မိသည်
ပန်းကလေးလိုလှတဲ့ချစ်သူ...အင်း သမင်မျက်ဝန်းတွေနဲ့အဲ့လိုလူသားရှိတယ်

ခပ်လှမ်းလှမ်းကလမ်းထဲကထွက်လာတဲ့ ဘေးလွယ်အိတ်အညိုလေးနဲ့ အဖြူအစိမ်းဝတ်ကျောင်းဆရာသေးသေးလေးက သီချင်းထဲကလိုဖွဲ့နွဲ့ပြီးရင်ထဲရှိရှိသမျှပြောပြရရင် တကယ်လှတယ်...

နားထဲကိုခပ်ငြိမ့်ငြိမ့်တိုးဝင်နေတဲ့သီချင်းသံနဲ့အတူ ရင်ဘတ်ထဲကကိုယ်ပိုင်စီးချက်တစ်ခုဟာလည်း
သူ့ဖြစ်တည်ရာတို့ရဲ့အရှင်သခင်ကိုတွေ့သလိုခပ်ငြိမ့်ငြိမ့်လေးစီးဝင်နေပြန်တယ်
သွားတန်းညီညီတွေကအပြုံးလှလှတစ်ခုရဲ့အနောက်ကနေပံ့ပိုးနေပြန်လေတယ်

တစ်နေ့ထက်တစ်နေ့ပိုပြီးယစ်မူးလာအောင် မင်းရဲ့ဝတ်မှုန်တွေထဲမှာ ငါ့ကိုဆေးတွေများခပ်ထားလေသလား ပန်းပွင့်ငယ်...

'နေမကောင်းဘူးလား'

ပါးတစ်ဖက်ကိုခပ်ဖွဖွအုပ်ကိုင်ရင်း မေးလာတဲ့အခါ ပြန့်လွင့်နေတဲ့စိတ်တွေဆီကနေ အသာရုန်းထွက်လိုက်ကာ စိုးရိမ်စွာကြည့်နေတဲ့ သူ့မျက်ဝန်းလှလှတွေကို တစ်ဖန်ပြန်ငေးကြည့်လိုက်မိသည်

'ဟင် မဟုတ်ပါဘူး ကောင်းပါတယ် ဒီတိုင်းအလုပ်ပင်ပန်းလို့'

'အလုပ်တွေကအရမ်းများနေလို့လား'

'အာ အရမ်းကြီးတော့မများပါဘူး'

အစီအငေါ်မတည့်ထွက်ကျလာတဲ့စကားလုံးတွေရဲ့နောက်မှာ သမင်မျက်ဝန်းတစ်စုံရဲ့ပိုင်ရှင်ဟာ မျက်ခုံးတန်းတို့အတန်ငယ် တွန့်ချိုးသွားလေရဲ့

『Loving My Best Friend』Место, где живут истории. Откройте их для себя