LMBF(24)

9.1K 770 93
                                    

'ပင်ပန်းနေပြီလား'

လက်ထဲကကော်ဖီခွက်ကိုအလုပ်စားပွဲပေါ်တင်ပေးရင်း အလုပ်ပုံထဲခေါင်းနစ်နေတဲ့သူ့ကိုမေးလိုက်မိတော့ လူကိုမော့ကြည့်လာလေသည်

'အင်း'

ခပ်ဖွဖွပြုံးကာပြန်ဖြေနေပေမဲ့သူအရမ်းပင်ပန်းနေမှန်းသိသာလှတာမို့ သက်ပြင်းခပ်တိုးတိုးကိုသူမသိအောင်ခိုးချလိုက်မိသည်

'ငယ်'

'ဟင်'

'အား ဒီလိုလေးဖက်ထားရတာကောင်းလိုက်တာ'

ခါးကိုဆွဲဖက်ကာရင်ခွင်ထဲခေါင်းတိုးဝင်နေတဲ့သူကခွေးပေါက်လေးလို လွန်းငယ်သဘောကျစွာပြုံးလိုက်ရင်းသူ့ဆံပင်တွေကိုခပ်ဖွဖွသပ်ပေးလိုက်တော့လူကိုပိုလို့ပင်ဖက်ကာရင်ခွင်ထဲခေါင်းကိုဝှေ့လာပြန်တာကြောင့် တစ်ခြားလက်တစ်ဖက်နဲ့သူ့ခေါင်းကိုသိုင်းဖက်ကာရင်ခွင်ထဲဆွဲသွင်းထားလိုက်မိသည်

'ငါကူလုပ်ပေးနိုင်တာမရှိဘူးလား'

'ဟင့်အင်း'

'ဒါမှန်းသိငါလည်းစီးပွားရေးပဲယူပါတယ် အခုကျတော့ မင်းကိုဘာမှလည်းမကူညီပေးနိုင်ဘူး'

'မရပါဘူး အဖြူအစိမ်းနဲ့ကျောင်းဆရာပေါက်စလေးကိုပဲချစ်တာ မင်းအလုပ်နဲ့တောင်မင်းပင်ပန်းနေတာကိုငါကဘယ်လိုထပ်ခိုင်းရက်မလဲ နားလည်ပေးလေကွာ မင်းကိုယ်မင်းအပြစ်တင်စရာကိုမလိုတာ ဟုတ်ပြီလား'

'အင်း'

'ဘာလဲ အဲ့အသံက'

'အင်းလို့ပြောတာလေ'

'အသံလေးကငါ့ကိုအသည်းယားအောင်လုပ်နေတာလား'

'ဘယ်သူကလုပ်လို့လဲ တော် ငါ့ကိုလွှတ်တော့ အလုပ်ဆက်လုပ်တော့'

'ဟုတ်ကဲ့ပါခင်ဗျ ကိုယ့်အိမ်သူသက်ထားကပြောနေတော့လည်း'

'ကိုရှင်း!အရူးကောင်'

'အဲ့အရူးကောင်ကိုပဲချစ်မဝဖြစ်နေတာမလား ဟားဟား ကိုယ်သိပါတယ်ကွာ'

'ရှင်း!လူဆိုးကောင် အင့်ဟာ'

တဖပ်ဖပ်ရိုက်ခံနေရတာကိုပန်းနဲ့ပေါက်သလိုထင်နေတာကတော့ တစ်ဆိတ် ဒီလူတကယ်ပဲရူးသွားတာများလား

『Loving My Best Friend』Tempat cerita menjadi hidup. Temukan sekarang