LMBF(22)

11.5K 937 22
                                    

'ရော့'

'ဘာလဲ'

ဧည့်ခန်းထဲမှာအလုပ်လုပ်နေတဲ့ကိုယ့်ဘေးမှာမတ်တပ်ရပ်နေကာအိတ်တစ်အိတ်ကိုထိုးပေးလာတဲ့သူ့ကိုကြည့်ကာမေးလိုက်လေတော့

'ဖွင့်ကြည့်ပေါ့'

လူကိုမကြည့်ဘဲမျက်လုံးလေးတွေကဝေ့လည်ကြောင်ပတ်လုပ်နေပုံကအသည်းတယားယားနဲ့စချင်စဖွယ်

'မင်းကိုယ်တိုင်ဖွင့်ပေးလေ မင်းကပေးတဲ့သူဆိုတော့မင်းကိုယ်တိုင်ဖွင့်ပေးရမှာပေါ့'

'ဟာ ဘာဆိုင်လို့လဲ လက်ဆောင်ပေးတဲ့သူကကိုယ်တိုင်ဖွင့်ပေးရမယ်လို့ တော်ပြီကွာ အဲ့လောက်အပျင်းတစ်နေလည်းမယူနဲ့တော့'

နှုတ်ခမ်းတထော်ထော်နဲ့ပြောချင်ရာပြောပြီး ထွက်သွားဖို့ပြင်နေတဲ့မှန်ကြောင်ပုစိအား တစ်ချက်ခေါင်းခါကာရယ်လိုက်မိသည် စလို့စမှန်းမသိဒီအူကြောင်ကြောင်ပေါက်စဟာလေ

'စိတ်ကြီးပဲ ကိုယ့်အချစ်ကလည်း'

တင်တင်စီးစီးပါးစပ်အရသာလေးခံကာစမိတော့ သမင်မျက်စောင်းကဒိုင်းကနဲ

'ငါကစတာပါကွာ လာ ငါ့ဘေးမှာထိုင် ပေး အဲ့အိတ်ရော'

သူ့လက်ထဲကအထုပ်ကိုဆွဲယူပြီး သူ့လက်ကိုပါဆွဲကာဘေးမှာထိုင်ခိုင်းတော့ အလိုက်သင့်လေးပါလာလေသည် ဒါတောင်မှသမင်ပေါက်ဟာနှာခေါင်းလေးရှုံ့ပြီး ခပ်ခွာခွာထိုင်ချင်တဲ့ပုံဖမ်းသေးသည် ရမလား!ရှင်းဘုန်းပိုင်လေးကစားကောင်းတဲ့အသီးပါနော် အဲ့လိုခပ်ခွာခွာနေတာကိုများလက်သင့်ခံမယ်များထင်နေသလား

အနီရောင်အိတ်လေးနဲ့သေသေသပ်သပ်ထုပ်ပိုးထားတဲ့ဘူးလေးကိုကြည့်ကာတစ်ချက်ပြုံးလိုက်မိသည်

'မင်းကိုယ်တိုင်ထုပ်ထားတာလား'

ဖြေချင်သလိုမဖြေချင်သလိုဟန်ဆောင်ကာ ခေါင်းလေးငြိမ့်ပြလေသည်
အမှန်တိုင်းဝန်ခံရရင် လွန်းငယ်ဟာရှက်နေတဲ့အချိန်တွေဆိုပုံမှန်အချိန်တွေထက်ပိုချစ်ဖို့ကောင်းသည်မှာတကယ်ပင်

'ဟင် ဖောင်တိန်?'

'ဟုတ်တယ် ဖောင်တိန်'

'ဘာလဲ ချစ်သက်လက်ဆောင်ပေးတာလား'

『Loving My Best Friend』Where stories live. Discover now