LMBF(4)

14.7K 1.3K 40
                                    

'ကိုရှင်း'

'ဘာလဲ'
ဘုဆတ်ဆတ်ထွက်လာတဲ့အသံကြောင့် သက်ပြင်းဖွဖွကိုသာချလိုက်ရင်း

'ဘာ ဘာမှမဟုတ်တော့ဘူး'

'ဘာလဲ ခေါ်တုန်းကခေါ်ပြီး ပြော ဘာပြောချင်လို့လဲ'

'ဟို'
မျက်လုံးလေးပင့်ကာကြည့်လာပေမဲ့ တဟိုဟိုကနေမတက်တဲ့လွန်းငယ်မှန်ကြောင် ကြောင်တောင်တောင်အားနဖူးကိုလက်နဲ့တစ်ချက်တောက်လိုက်မိသည်

'အ့ အား ကိုရှင်းရာသေပါပြီ'

'သေပြီလား'
အံမယ် သမင်မျက်လုံးကြီးတွေနဲ့ဘုကြည့်ကြည့်လာလေသည် ထပ်ပိတ်ထုလိုက်ရ

'ပြောစရာရှိမပြောဘဲ တဟိုဟိုလုပ်နေတာကိုမင်းက'

'ဟို အဲ့ဒါက'
ကဲကြည့် ကြောင်တောင်တောင်လို့ပြောလည်းမကြိုက်ဘူး အခုလည်းနဖူးကိုလက်နဲ့ဖိကာတဟိုဟိုလုပ်နေပြန်ပြီ!

'လွန်းငယ် ငါသိပ်စိတ်မရှည်မှန်းသိတယ်မလား'

'အင်း'
ခေါင်းလေးငြိမ့်ပြသည် ဘာလို့မှန်းမသိ လွန်းငယ်ကအခုတလော မဟုတ်ဘူး ငယ်ငယ်လေးတည်းက သိပ်ချစ်ဖို့ကောင်းတဲ့ကြောင်တောင်တောင်ကောင်လေးဆိုတာတော့ ကျွန်တော်လက်ခံမိသည်

'မင်း'

'အင်း ငါဘာဖြစ်လဲ'

'ရည်းစားရနေပြီဆို'

'ဟားဟား ဘာများလဲလို့ကွာ အဲ့ဒါမေးဖို့များ'
တဟားဟားအော်ရယ်နေတဲ့ကိုရှင်းသည်အပူအပင်မရှိ အင်းပေါ့ ငါသာ ငါကသာ မင်းစိတ်နဲ့ပူလောင်နေတာမင်းမှမသိဘဲ

'မင်းကရောဘယ်လိုထင်လဲ'

'ဘာကိုလဲ'

'ငါရည်းစားထားနေတယ်လို့ထင်လား'
လွန်းငယ် သူ့မျက်ဝန်းတွေကိုပြန်ငေးကြည့်လိုက်မိသည်

'ငါ ငါဘယ်သိမလဲ'
တဒိန်းဒိန်းခုန်နေတဲ့ရင်ခုန်သံသည် စိုက်ကြည့်နေတဲ့ခပ်ညိုညိုမျက်ဝန်းတွေကြောင့်လား ပြုံးယောင်သန်းနေတဲ့ခပ်ပါးပါးနှုတ်ခမ်းတွေကြောင့်လား ဟင့်အင်းငါမသိဘူးကိုရှင်း

ငါကိုယ်တိုင်နစ်ဝင်နေတဲ့မှားယွင်းခြင်းတစ်ချို့ကြားမှာငါဘယ်လို့မရုန်းထွက်နေနိုင်တာလဲလည်းငါမသိဘူး ငါမင်းကို ချစ်တယ် ငါမင်းကိုချစ်တာပဲသိတယ် ငါရူးတော့မယ်ထင်ပါရဲ့ကိုရှင်းရယ်

『Loving My Best Friend』Donde viven las historias. Descúbrelo ahora