LMBF(7)

12.7K 1.1K 8
                                    

အချိန်အခါမဟုတ် သည်းထန်စွာရွာသွန်းနေတဲ့မိုးကြောင့်သက်ပြင်းဖွဖွကိုချလိုက်မိသည် လက်ကနာရီကိုကြည့်လိုက်တော့၆နာရီခွဲဖို့မိနစ်အနည်းငယ်သာလိုတော့သည်

'ဟူး ငထူးတစ်ယောက်တော့ငါ့ကိုပြောတော့မယ်ထင်ပါရဲ့'
ဒီနေ့ကျောင်းတုန်းကသူငယ်ချင်းဟောင်းတွေတွေ့ဆုံပွဲမို့စားသောက်ဆိုင်တစ်ဆိုင်မှာချိန်းထားကြခြင်းပင် ထိုဆိုင်နဲ့ကျွန်တော်အလုပ်လုပ်နေတဲ့အထက်တန်းကျောင်းနဲ့ကသိပ်တော့မဝေးလှ ဒါပေမဲ့လည်းကား၂ဂိတ်၃ဂိတ်လောက်စီးမှရောက်မည့်ခရီးဆိုတော့လည်းဒီရွာနေတဲ့မိုးနဲ့တော့ခက်လေပြီ

Ringtone ~

'Hello'

'ငါလာမလို့ပဲ အမှတ်ခြစ်နေတာအခုမှပြီးတာ အပြင်မှာမိုးတွေအရမ်းရွာနေလို့ မိုးစဲမလားစောင့်နေတာ'

'ဟို ငါထီးမပါလာလို့'

'မိုးရွာမယ်မှန်းငါကသိမလား'

'ဟမ် ဘာပြောလိုက်တာလဲ'

'ဟာ ရပါတယ်ကွာ အားနာစရာ'

'အာ လာကြိုမယ့်သူရဲ့ပုံစံကိုမပြောသွားဘူး'
ငထက်ဆီphထပ်ခေါ်တော့လည်းbusy nowပဲဖြစ်နေလေသည်
မထူးတော့ပါဘူးလေ မိုးစဲတာစောင့်ရင်းနဲ့ပဲဆက်စောင့်ရတော့မှာပေါ့

အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ထိုသို့တွေ့ဆုံပွဲမျိုးကိုမသွားချင်ပါ သူငယ်ချင်းတွေကိုမတွေ့ချင်လို့မဟုတ် တွေ့ချင်ပါသည်လွမ်းပါသည် ဒါပေမဲ့သူတို့ကိုတွေ့တိုင်း လူတစ်ယောက်ကိုပိုတွေ့ချင်မိသည်ပိုလွမ်းလာမိသည် အချိန်တိုင်းသတိရနေရင်းနဲ့ကိုလွမ်းဆွတ်နေဆဲစိတ် တကယ်တော့နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ လူမသိအောင်မြေမြှုပ်ထားခဲ့လေပြီ...

လွန်းငယ်မိုးရေစက်လေးတွေကိုလက်နဲ့ထိတွေ့လိုက်သည် မိုးကိုချစ်လားဆိုတော့ ဟင့်အင်းမချစ်ဘူး မိုးရွာတာကိုလည်းမကြိုက်သလို လျှပ်စီးလက်ပြီးမိုးခြိမ်းတာကြီးကိုလည်းမနှစ်မြို့ဘူး ဒါပေမဲ့မိုးရေစက်လေးတွေကိုတော့ ကျွန်တော်သဘောကျသည်

ဒီမိုးရေစက်တွေသာ မင်းကိုလွမ်းတိုင်းကျတဲ့ ငါ့မျက်ဝန်းကအရည်တစ်ချို့ဆိုပါတော့ မင်းများတစ်နေရာရာကနေ အဲ့မိုးရေစက်လေးတွေကြား ငါ့ကိုယောင်ယမ်းပြီး တစ်ခါတလေ သတိရပေးနေမလား

『Loving My Best Friend』Where stories live. Discover now